DVB Logo
Home
နိုင်ငံတကာ
ဘူရီဗက်နစ်ဒုံးကျည် တည်ဆောက်သူများကို ပူတင် ဆုချီးမြှင့်
DVB
·
November 5, 2025
ဘူရီဗက်နစ်ဒုံးကျည် တည်ဆောက်သူများကို ပူတင် ဆုချီးမြှင့်
Donate to DVB

ဘူရီဗက်နစ်ဒုံးကျည် သုတေသနနဲ့ တည်ဆောက်သူတွေကို ရုရှားသမ္မတ ပူတင်က ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ မဟာဗျူဟာမြောက် လက်နက်တွေဖြစ်တဲ့ နျူစွမ်းအင်သုံး ဘူရီဗက်နစ် ခရုဇ်ဒုံးကျည်နဲ့ ပိုဆေးဒွန် နျူကလီးယားစွမ်းအင်သုံး တိုပီဒိုတို့ကို သုတေသနနဲ့ တည်ဆောက်သူတွေကို ချီးမြှင့်ခဲ့တာလို့ ရုရှားက နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖော်ပြထားတဲ့ ဗွီဒီယိုဖိုင်ထဲမှာ ပူတင် မိန့်ခွန်းပြောတာကိုပဲ ဖော်ပြထားပြီး ဆုလက်ခံတဲ့ပုံတွေတော့ မပါဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။

ဒီလက်နက်တွေဟာ ရုရှားနိုင်ငံရဲ့ မဟာဗျူဟာမြောက် ခေတ်မီတဲ့ လက်နက်တွေဖြစ်ပြီး ထုတ်လုပ်တဲ့သူတွေကို ကျေးဇူးတင်ကြောင်း ပူတင်က ပြောခဲ့တာပါ။

ရုရှားရဲ့ ပြောကြားချက်အရ 9M730 ဘူရီဗက်နစ် ဒုံးကျည်ဟာ NATO ရဲ့ SSC-X-9 လေကြောင်းကာကွယ်ရေးစနစ်တွေကို ချိုးဖျက်နိုင်ပြီး တားဆီးလို့မရတဲ့လက်နက် ဖြစ်တယ်လို့ သိရပါတယ်။

ဒီလက်နက်တွေဟာ အကွာအဝေး အကန့်အသတ်မရှိ သွားနိုင်ပြီး ခန့်မှန်းရခက်ခဲတယ်လို့လည်း ဆိုပါတယ်။

ပူတင်က “ရုရှားနိုင်ငံဟာ နောက်ဆုံးမှာ အကွာအဝေး အကန့်အသတ်မရှိ ပစ်နိုင်တဲ့ ဘူရီဗက်နစ် ခရုဇ်ဒုံးကျည်နဲ့ လူထိန်းချုပ်စရာမလိုတဲ့ နျူစွမ်းအင်သုံး ရေအောက်ပစ် ပိုဆေးဒွန်လက်နက်ကို ပိုင်ဆိုင်ခဲ့ပါပြီ။ ကျနော်တို့ရဲ့ အစီအစဉ် ပြည့်စုံတာကြောင့် ဒီဆောင်ရွက်ချက်မှာ ပါတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့တိုင်းပြည်က တခြားသူတွေကို ခြိမ်းခြောက်မှာ မဟုတ်ပါဘူး။ ရုရှားစစ်တပ်နဲ့ ရေတပ်ကို ခေတ်မီလက်နက်တွေနဲ့ တပ်ဆင်ပြီး ကာကွယ်ရေးစနစ်တွေ ဖန်တီးဖို့ပဲ ရည်ရွယ်ပါတယ်” လို့ ပြောပါတယ်။

ရုရှားနိုင်ငံဟာ ၂၀၁၈ ခုနှစ်က 9M730 ဘူရီဗက်နစ် ဒုံးကျည်တွေကို ပထမဆုံး ကြေညာခဲ့တာဖြစ်ပြီး အမေရိကန်ရဲ့ ဒုံးခွင်းစနစ်တွေကို ကာကွယ်ဖို့ တီထွင်မှုတခုလို့ ပူတင်က ပြောပါတယ်။

အမေရိကန်ဟာ ၂၀၀၁ ခုနှစ်က ၁၉၇၂ ခုနှစ် ဘီလစ်စနစ်ဒုံးခွင်းစနစ်တွေ ကာကွယ်ရေးစာချုပ်ကနေ တဖက်သတ် နုတ်ထွက်ခဲ့တာဖြစ်ပြီး NATO မဟာမိတ်အဖွဲ့တွေကို ဒုံးခွင်းစနစ် တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013