
ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ဝုဗ်အသင်းဟာ မန်ယူနိုက်တက်နည်းပြဟောင်း အဲရစ်တန်ဟတ်ဂ်ကို ခေါ်ယူခန့်အပ်ဖို့ ဆွေးနွေးနေပါတယ်။
ဟော်လန်နည်းပြဟာ အခုနှစ်စက်တင်ဘာ ၁ ရက်က ဂျာမန်လလပ် လီဗာကူဆင်နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရသူဖြစ်ပြီး ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ ဆန္ဒရှိနေတယ်လို့ သတင်းထွက်နေသူပါ။
ဝုဗ်အသင်းဟာ အခုနှစ်ရာသီကစားခဲ့တဲ့ ၁၀ ပွဲအပြီးမှာ နိုင်ပွဲမရသေးဘဲ အမှတ်ပေး ဇယားအောက်ဆုံးမှာရပ်တည်ခဲ့ပြီးနောက် နည်းပြပါရဲယားကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
အဲရစ်တန်ဟတ်ဂ်ဟာ မန်ယူနိုက်တက်မှာ ဆုဖလား ၂ လုံးရယူပေးခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ မပြီးဆုံးသေးတဲ့အရာတွေအတွက် ပြန်လာဖို့ ဆန္ဒရှိနေကြောင်း The Time သတင်းမှာ ဖော်ပြပါတယ်။
ဝုဗ်အသင်းဟာ ချဲလ်ဆီးနဲ့ပွဲအတွက် ယာယီနည်းပြတွေကိုတာဝန်ပေးထားပြီး အဲရစ်တန်ဟတ်ဂ်ကို ဦးစားပေးခေါ်ယူဖို့ ဆက်လက်ကြိုးပမ်းနေပါတယ်။
Photo: Reuters











