
ဂျာမန်ကလပ် လီဗာကူဆင်နည်းပြသစ်ဖြစ်လာဖို့ မန်ယူနည်းပြဟောင်း အဲရစ်တန်ဟတ်ဂ်နဲ့ ကိုမိုနည်းပြ ဆက်စ်ဖာရီဂတ်စ်တို့ ရေပန်းစားနေပါတယ်။
လီဗာကူဆင်အသင်းဟာ လက်ရှိ အသင်းနည်းပြ ဇာဗီအလွန်ဆိုနဲ့ ရာသီကုန်မှာ နှစ်ဦး သဘောတူလမ်းခွဲမှာဖြစ်ပြီး နည်းပြသစ် ခန့်အပ်သွားဖို့ ရှာဖွေနေတာပါ။
ဂျာမန်သတင်းစာ Kicker ရဲ့ ဖော်ပြချက်အရ လီဗာကူဆင်အသင်းဟာ အလွန်ဆိုရဲ့နေရာအတွက် မန်ယူနည်းပြဟောင်းအဲရစ်တန်ဟတ်ဂ်နဲ့ အီတလီကလပ် ကိုမိုအသင်းနည်းပြ ဖာဘရီဂတ်စ်တို့ကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။
နည်းပြတန်ဟတ်ဂ်ဟာ မန်ယူကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူပါ။ အာဆင်နယ်၊ ဘာစီလိုနာနဲ့ ချဲလ်ဆီးကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ဟာ ကိုမိုအသင်းကို စွမ်းဆောင်ရည်ကောင်းမွန်အောင် လုပ်ဆောင်ထားတာကြောင့် လီဗာကူဆင်ကခေါ်ယူခန့်အပ်ဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။