DVB Logo
Home
အားကစား
WTA တင်းနစ်ပြိုင်ပွဲတွင် ဆာဘလန်ကာက ပီဂူလာကို အနိုင်ရ
DVB
·
November 5, 2025
WTA တင်းနစ်ပြိုင်ပွဲတွင် ဆာဘလန်ကာက ပီဂူလာကို အနိုင်ရ
Donate to DVB

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့မှာ ကျင်းပနေတဲ့ WTA Finals တင်းနစ်ပြိုင်ပွဲမှာ ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား အေရီနာ ဆာဘလန်ကာဟာ အမေရိကန်ကစားသမား ဂျက်စီကာ ပီဂူလာကို အနိုင်ရသွားပါတယ်။

နိုဝင်ဘာ ၄ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ Stefanie Graf Group ပွဲစဉ်မှာ ဆာဘလန်ကာက ပီဂူလာကို ၆-၄၊ ၂-၆၊ ၆-၃ ရလဒ်တွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲဟာ ဆာဘလန်ကာ အတွက် ပြိုင်ပွဲမှာ ဒုတိယမြောက် အနိုင်ရရှိမှုဖြစ်ပေမဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့အတွက်တော့ အာမ မခံနိုင်သေးပါဘူး။

သူဟာ နိုဝင်ဘာ ၆ ရက်မှာ ကမ္ဘာ့အဆင့် ၃ ကစားသမား ကိုကိုးဂေါ့ဖ်နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အဲဒီပွဲရဲ့ရလဒ်က ဆီမီးဖိုင်နယ်တက်ရေးကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

ဆာဘလန်ကာက Sky Sports ကို ပြောကြားရာမှာ သူ့ရဲ့ “beast mode” ကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။

Source: BBC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013