DVB Logo
Home
မြန်မာသတင်း
Wave Money အသုံးပြုသူအချို့ မှတ်တမ်းမရှိဘဲ ပိုက်ဆံဖြတ်ခံနေရ
DVB
·
November 3, 2025
Wave Money အသုံးပြုသူအချို့ မှတ်တမ်းမရှိဘဲ ပိုက်ဆံဖြတ်ခံနေရ
Donate to DVB

ဒစ်ဂျစ်တယ် ငွေပေးချေမှုဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Wave Money အကောင့်အသုံးပြုသူတချို့ မှတ်တမ်းမပေါ်ဘဲ ငွေဖြတ်တောက်ခံနေရတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေဆီက သိရပါတယ်။

အခုရက်ပိုင်းထဲမှာ Wave Money အကောင့်ထဲက ပိုက်ဆံတွေ အလိုအလျောက် ဖြတ်တောက်ခံရတာ၊ ငွေပေးချေရာမှာ အကောင့်ထဲက ဖြတ်သွားပြီး လက်ခံသူဆီငွေမဝင်သလို မှတ်တမ်းထဲမှာ မပေါ်တဲ့ အခြေအနေတွေနဲ့ နစ်နာဆုံးရှုံးမှုတွေ ရှိနေတာလို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းနေ ဒစ်ဂျစ်တယ်ငွေလွှဲ၊ ငွေထုတ်ဝန်ဆောင်မှုလုပ်ငန်း လုပ်နေသူတယောက်က “ဒီရက်ထဲမှာ တော်တော်များများကြုံနေတာ။ ပိုက်ဆံလာထုတ်တာ သူ့ဆီကပိုက်ဆံဖြတ်ပြီး ကိုယ့်ဆီအဝင်က မရှိဘူး။ အဲဒီလိုဖြစ်တာ တယောက်၊ နှစ်ယောက်မကဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် ဘဏ်အကောင့်ကနေ Wave Moneyထဲ ငွေလွှဲပြောင်းထည့်ရာမှာ ဘဏ်ငွေစာရင်းထဲက ထွက်သွားပေမဲ့ အပြည့်မဝင်ဘဲ ပျောက်သွားတာ၊ အကောင့်ထဲကနေ ငွေလွှဲတာမရှိဘဲ ဖြတ်သွားတာရှိနေတယ်လို့လည်း အသုံးပြုနေသူတွေက ဆီကသိရပါတယ်။

အွန်လိုင်းမှ အလှကုန်ပစ္စည်းရောင်းသူတယောက်က "အကောင့်ထဲက ငွေလွှဲတာ မရှိဘဲနဲ့ သိန်းဂဏန်းလောက်ပျောက်သွားတယ်။ မှတ်တမ်းထဲမှာလည်း အထွက်မရှိဘဲလျော့သွားတာ၊ Call Centerကို ဖုန်းလှမ်းဆက်မေးတာ ဖုန်းမကိုင်ဘူး"လို့ ပြောပါတယ်။

Wave Money ငွေကြေးဝန်ဆောင်မှုလုပ်ငန်းက တရားဝင်အသုံးပြုနေတဲ့ဖေ့ဘွက်ခ် လူမူကွန်ရက်မှာ ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ ရေးတင်ထားတဲ့အကြောင်းအရာအောက်မှာ ငွေကြေး နစ်နာဆုံးရူံးခဲ့ရသူတွေက ကိုယ်တိုင်ကြုံရတဲ့ အဖြစ်ပျက်နဲ့ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့မှတ်ချက်တွေ ပေးထားကြပါတယ်။

အဲဒီမှတ်ချက်တွေအပေါ် Wave Money ဘက်က ဖြစ်သွားတဲ့ကိစ္စရပ်အတွက် တောင်းပန်ကြောင်းနဲ့ ငွေဆုံးရှုံးသွားတာနဲ့ပတ်သက်လို့ ဖြေရှင်းဆောင်ရွက်ပေးနိုင်အောင် Chat Boxကတဆင့် ပြောပေးဖို့ အကြောင်းပြန်တာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013