DVB Logo
Home
မြန်မာသတင်း
ငွေဝင်ငွေထွက်များသည့် wave pay/kapy အကောင့်များကို ရဲစခန်းခေါ်စစ်ရန် စစ်ကောင်စီက ညွှန်ကြား
DVB
·
October 10, 2022
ငွေဝင်ငွေထွက်များသည့် wave pay/kapy အကောင့်များကို ရဲစခန်းခေါ်စစ်ရန် စစ်ကောင်စီက ညွှန်ကြား
Donate to DVB

ငွေဝင်ငွေထွက်များတဲ့ wave pay/ kpay အကောင့်တွေအား ရဲစခန်းခေါ်ယူစစ်ဆေးဖို့ စစ်တပ်က အဖွဲ့အစည်းအသီးသီးကို ညွှန်ကြားထားတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

NUG၊ CRPH၊ CDM နဲ့ PDF တွေကို လှူဒါန်းတာ မပြုလုပ်နိုင်ဖို့  စစ်တပ်က ဗဟိုဘဏ်ကို ညွှန်ကြားထားပြီး ဗဟိုဘဏ်တဆင့် ဌာနဆိုင်ရာရုံးတွေကို စာပေးပို့ စစ်ဆေးခိုင်းတာလို့ စစ်တပ်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“အခုက အကောင့်ပိတ်တဲ့ အဆင့်မဟုတ်တော့ဘူး။ တယောက်ယောက်က မလိုလို့တိုင်ရင် အဲ့ဒီ KPay အကောင့်တို့၊ Wave အကောင့်တို့ကို ရဲစခန်းက ခေါ်စစ်တာ။”

ဒဂုံဆိပ်ကမ်းမြို့နယ်မှာလည်း Online Shop ရောင်းချသူတဦးအား ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် Kpay အကောင့် အပိတ်မခံရပေမဲ့ ရဲစခန်းကို ၁၅ သိန်းပေးပြီးမှ ပြန်လွတ်လာတယ်လို့ ခေါ်ယူစစ်ဆေးခံရသူက ပြောပါတယ်။

“ကျနော်ကို ရဲစခန်းက စာနဲ့ခေါ်တယ်။ ဟိုရောက်တော့ ရဲစခန်းမှာ မစစ်ဘူး၊ စစစ ရုံးမှာစစ်တာ၊ ဘဏ်မန်နေဂျာလည်း ပါတယ်။ သူတို့စွပ်စွဲချက်တွေ တခုမှမတွေ့တော့ ပြီးခဲ့တဲ့နှစ်က Share ထားတဲ့ သတင်းတခုကို ဖုန်းမှာတွေ့ပြီး ရစ်နေလို့ ဆယ့်ငါးသိန်းလောက် ကုန်သွားတယ်၊ အဲဒါမှ ပြန်လွှတ်ပေးတယ်။”

ငွေဝင်ငွေထွက်များတဲ့ wave pay/ kpay acc များကို ရဲစခန်းက ခေါ်ယူစစ်ဆေးရာမှာ နိုင်ငံရေးနဲ့ဆက်နွှယ်မှုမရှိတဲ့ အကောင့်တွေကို ပြန်မလွှတ်ဘဲ ငွေရမှာသာ ပြန်လွှတ်ပေးတယ်လို့ တောင်ဥက္ကလာမြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ကျမ အစ်မ Wave Pay အကောင့်ဆိုရင် ဆန်ဆိုင်ဆိုတော့ ငွေဝင်တာများတာပေါ့၊ အဲဒါကို ရဲက စောက်ကျင့်ယုတ်ပြီး စခန်းခေါ်စစ်တယ်။ ဘဏ်ကို ပိတ်ခိုင်းတယ်။ Wave အကောင့် အပိတ်မခံရအောင်ရယ်၊ အဖမ်းမခံရအောင် လိုက်လုပ်တာ သိန်းငါးဆယ်လောက်ကုန်တယ်" လို့ ပြောပါတယ်။

ငွေဝင်ငွေထွက်များတဲ့ wave pay / kpay acc တွေကို ရဲစခန်းခေါ်ယူစစ်ဆေးဖို့ ဗဟိုဘဏ်မှ ညွှန်ကြားထားတာမရှိသလို ထုတ်ပြန်ထားတာလည်း မရှိဘူးလို့ ဗဟိုဘဏ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ရဲစခန်းတွေက ခေါ်ယူစစ်ဆေးရာမှာ စစ်ကောင်စီရဲ့ မိသားစုဝင်တွေပါ စစ်ဆေးခံနေရတဲ့အတွက် ထုချေလွှာပေးနေရတဲ့ မြို့မရဲစခန်းတွေလည်း ရှိနေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့လတွေက NUG၊ CRPH၊ CDM နဲ့ PDF စတဲ့ အဖွဲ့အစည်းအသီးသီးကို လှူဒါန်းလို့မရအောင် wave pay / kpay acc တွေကို ပိတ်သိမ်းခဲ့တဲ့အပြင် ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်တွေလည်းရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013