DVB Logo
Home
မြန်မာသတင်း
Wave Money ငွေလွှဲငွေထုတ်လုပ်ငန်းအပေါ် စည်းကမ်းတင်းကျပ်လိုက်သဖြင့် အေးဂျင့်ဆိုင်အချို့ ရပ်နား
DVB
·
September 11, 2022
Wave Money ငွေလွှဲငွေထုတ်လုပ်ငန်းအပေါ် စည်းကမ်းတင်းကျပ်လိုက်သဖြင့် အေးဂျင့်ဆိုင်အချို့ ရပ်နား
Donate to DVB

Wave Money နဲ့ ငွေလွှဲငွေထုတ်မယ့်သူတွေ မှတ်ပုံတင်မဖြစ်မနေ ယူဆောင် လာဖို့နဲ့ အေးဂျင့်ဆိုင်တွေမှာ CCTV တပ်ရမယ်လို့ စစ်ကောင်စီက စည်းကမ်းတင်းကျပ်လိုက်ပြီးနောက် ရန်ကုန်မြို့မှာ အေးဂျင့်တချို့ ရပ်နားသွားပါတယ်။

Wave Money နဲ့ ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်တွေဟာ အသေးစားငွေလွှဲငွေထုတ်သူတွေ၊ ရပ်ကွက်အတွင်း အိမ်ဆိုင်ဖွင့်ပြီး Wave Money ငွေလွဲလုပ်ကိုင်သူတွေအတွက် အခက်အခဲ ဖြစ်တာကြောင့် ရပ်နားရတာလို့ မြောက်ဥက္ကလာပမြို့နယ်က အေးဂျင့် တဦးက ပြောပါတယ်။

"ရပ်ကွက်ထဲက အိမ်ဆိုင်လေးက CCTV တပ်ရမယ်ဆိုတော့ အဆင်မပြေဘူး။ ပြီးတော့ ကိုယ့်ရပ်ကွက်ထဲက သူတွေကို မှတ်ပုံတင်တောင်းလား စစ်လားဆေးလားလဲမလုပ်ချင်လို့ နားလိုက်တာ။"

Wave Money က မှတ်ပုံတင်ပါမှ ငွေလွှဲငွေထုတ်ပြုလုပ်ပေးရမယ်လို့ ထုတ်ပြန်ထားပေမဲ့ တချို့ဆိုင်တွေက ပိုမိုတင်းကျပ်တာကြောင့် အခက်အခဲဖြစ်တယ်လို့ ငွေလွဲသူ တဦးက  ပြော ပါတယ်။

"မှတ်ပုံတင်ပေးရမယ်ဆိုလို့ မှတ်ပုံတင်ယူသွားတယ်။ အဝေးပြေးကားလက်မှတ်ဝယ်သလို ဘယ်သူ့ကို လွှဲမှာလဲ၊ ဘာကြောင့် လွှဲတာလဲ မေးတော့ ခင်ဗျား (--) လုပ်လားလို့ ပြောပြီး အဲဒီကတည်းက မလွှဲတော့ဘူး။ လစာထုတ်ရင် အိမ်ကို ပိုက်ဆံလာယူခိုင်းလိုက်တယ်။"

ငွေလွှဲငွေထုတ်သူတွေအပြင် Wave Money အေးဂျင့်တွေက အရင်ရှိပြီးသား Wave Money Acc ထဲကို ငွေထည့်ပါက မှတ်ပုံတင် တောင်းတာကလည်း အဆင်မပြေဘူးလို့ ငွေထည့်သူ တဦးက ပြောပါတယ်။

"ငွေလွှဲတာ မှတ်ပုံတင်ပေးရတာကိုထားတော့။ ငွေထုတ်မယ်ဆိုလည်း အကောင့်ထဲမှာ မှတ်ပုံတင်ရှိတယ်လေ။ အဲဒီထက်ပိုဆိုးတာက ကိုယ့်အကောင့်ထဲကို ငွေထည့်တာကို မှတ်ပုံတင် တောင်းတာတော့ လွန်တယ်။ Wave Money ကို အာရုံနောက်လို့ သုံးကို မသုံးတော့တာ။"

အသေးစားတပိုင်တနိုင် ငွေလွှဲလုပ်ကိုင်သူတွေအနေနဲ့ မှတ်ပုံတင်တောင်းရတာတွေ၊ CCTV မရှိလို့  ဖုန်းနဲ့ ဓာတ်ပုံရိုက်ရတာတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးတာကြောင့်  ရပ်နားလိုက်တာဖြစ်တယ်လို့ တောင်ဒဂုံမှာနေထိုင်တဲ့ အေးဂျင့်တဦးက ပြောပါတယ်။

"အခုက ဆိုင်မှာ ငွေလာလွှဲတာရော ထုတ်တာရော တရားခံ စစ်သလို မေးရတာ တော်တော် ဒုက္ခရောက်တာ။ CCTV မရှိတော့ ဖုန်းနဲ့ဓာတ်ပုံရိုက်ရတာ။ ဟိုရက်က ဖုန်းနဲ့ဓာတ်ပုံရိုက်တော့ မိန်း မ တယောက်က ကျမကို ပါးရိုက် မလို့ လုပ်သေးတယ်။ အဲဒါကြောင့် နားလိုက်တာ။"

ငွေလွှဲငွေထုတ်သူတွေအနေနဲ့ မဖြစ်မနေ မှတ်ပုံတင်ယူလာဖို့နဲ့ အချက်အလက် အပြည့်အစုံ ဖြည့်စွက်ဖို့ လိုကြောင်း Wave Money က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

သြဂုတ်လအတွင်းက မိုဘိုင်းလ်ငွေလွှဲငွေထုတ်ဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်တဲ့ အေးဂျင့်တွေ အားလုံးဆိုင်တွေမှာ စီစီတီဗီကင်မရာတွေ တပ်ဆင်ပြီး မှတ်တမ်းရယူဖို့နဲ့ ငွေလွှဲ ငွေထုတ်သူတွေဆီက အချက်အလက်နဲ့ မှတ်ပုံတင်တောင်းဖို့ ဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013