DVB Logo
Home
နိုင်ငံတကာ
 နိုက်ဂျီးရီးယားကို အထူးစိုးရိမ်ရသည့် နိုင်ငံများစာရင်း ထရမ့်ပ်ထည့်သွင်း
DVB
·
November 1, 2025
 နိုက်ဂျီးရီးယားကို အထူးစိုးရိမ်ရသည့် နိုင်ငံများစာရင်း ထရမ့်ပ်ထည့်သွင်း
Donate to DVB

 

နိုက်ဂျီးရီးယားနိုင်ငံမှာ ခရစ်ယာန်ဘာသာဟာ တည်ရှိနေမှုကို အဆုံးအဖြတ်လုပ်နိုင်တဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က အောက်တိုဘာ ၃၁ ရက်မှာ ပြောကြားလိုက်ပြီး အနောက်အာဖရိကနိုင်ငံဖြစ်တဲ့ နိုက်ဂျီးရီးယားကို အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အထူးစိုးရိမ်ရတဲ့နိုင်ငံများ စောင့်ကြည့်စာရင်းထဲကို ထည့်သွင်းလိုက် ပါတယ်။ 

အဲဒီမှာ ခရစ်ယာန်ဘာသာဝင် ထောင်ပေါင်းများစွာ သတ်ဖြတ်ခံနေရပြီး ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက်  အစွန်းရောက်အစ္စလာမ်ဘာသာဝင်တွေမှာ တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။ 

ဒါက အနည်းဆုံး ပြဿနာ တခုဖြစ်ပြီး ဒါထက် ပိုဆိုးတဲ့အရာတွေ ထပ်ရှိသေးကြောင်းနဲ့ နိုက်ဂျီးရီးယားနဲ့ တခြားနိုင်ငံ အများအပြားမှာ အဲဒီလို ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပျက် နေချိန်မှာ အမေရိကန်ပြည်ထောင်စုဟာ လက်ပိုက်ကြည့်နေလို့ မရဘဲ ကမ္ဘာတဝန်းရှိ ခရစ်ယာန်လူဦးရေကြီးကို ကယ်တင်ဖို့လည်း ဆန္ဒရှိပြီး လုပ်ဆောင်နိုင်စွမ်းလည်းရှိတယ်လို့ ဆိုပါတယ်။ 

အယ်လ်ကိုင်းဒါနဲ့ ဆက်နွှယ်နေတဲ့ စစ်သွေးကြွအဖွဲ့ ဂျာမတ်နုစ်ရတ် အလ်-အစ္စလာမ် ဝါလ်-မူစ်လီမင် (JNIM) ဟာ အခုအပတ်မှာ နိုက်ဂျီးရီးယားအလယ်ပိုင်းမှာ စစ်သားတယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုမှာ တာဝန်ရှိကြောင်း ဝန်ခံခဲ့ပြီး ဒါဟာ နိုင်ငံမှာ ပထမဆုံး လူသိများတဲ့ တိုက်ခိုက်မှု ဖြစ်ပါတယ်။ 

နိုက်ဂျီးရီးယားမှာ ဘိုကိုဟာရမ်နဲ့ အစ္စလာမ်မစ်နိုင်ငံတော် အနောက်အာဖရိကနယ်မြေအဖွဲ့ (ISWAP) ဦးဆောင်တဲ့ အစ္စလာမ္မစ်သူပုန်ထမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ 

အဲဒီပဋိပက္ခကြောင့် လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခံခဲ့ရပြီး လူပေါင်း ၂  သန်း ကျော်ကို အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013