DVB Logo
Home
နိုင်ငံတကာ
ဖမ်းဆီးခံ ကုလသမဂ္ဂဝန်ထမ်း ၄၃ ဦးကို ဟူသီ ရုံးတင်စစ်ဆေးမည် 
DVB
·
November 1, 2025
ဖမ်းဆီးခံ ကုလသမဂ္ဂဝန်ထမ်း ၄၃ ဦးကို ဟူသီ ရုံးတင်စစ်ဆေးမည် 
Donate to DVB

ဖမ်းဆီးထားတဲ့ ဒေသခံ ကုလသမဂ္ဂဝန်ထမ်း ၄၃ ယောက်ဟာ သြဂုတ်လက ထိပ်တန်းဟူသီခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ အစ္စရေးလေကြောင်းတိုက်ခိုက် မှုနဲ့ဆက်စပ်တဲ့ သံသယနဲ့ ရုံးတင်စစ်ဆေးခံရမယ်လို့ ယီမင်နိုင်ငံ ဟူသီအစိုးရရဲ့ ယာယီနိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလ်ဝါဟစ်အဘူရာ့စ်က ရိုက်တာကို ပြောပါတယ်။

ဩဂုတ်လတုန်းက အီရန်ကျောထောက်နောက်ခံပြု ဟူသီဦးဆောင်တဲ့ အစိုးရရဲ့ ဝန်ကြီးချုပ်နဲ့ တခြားဝန်ကြီးအများအပြားဟာ မြို့တော်ဆာနာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတခုအတွင်း သေဆုံးခဲ့ပြီး ဒါဟာ အကြီးတန်းအရာရှိတွေကို သတ်ဖြတ်ခဲ့တဲ့ ပထမဆုံးတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ 

ဝန်ကြီးအဘူရာ့စ် က “လုံခြုံရေးအေဂျင်စီတွေက ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းအဆင့်တွေကို တရားရေး ကြီးကြပ်မှုအောက်မှာ အပြည့်အဝ ဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ အများပြည်သူဆိုင်ရာ တရားစွဲဆိုမှုကိုလည်း လုပ်ဆောင်ချက်တိုင်းနဲ့အတူ တဆင့်ပြီးတဆင့် အသိပေးထားပါတယ်”လို့ ရိုက်တာကို ပြောပါတယ်။ 

ဒါကြောင့် တရားစွဲဆိုမှုကို အသိပေးထားသရွေ့ ဒီလုပ်ငန်းစဉ်ဟာ အဆုံးသတ်အထိကို သွားနေပြီး၊ ရုံးတင်စစ်ဆေးမှုတွေနဲ့ စီရင်ချက်တွေ ချမှတ်တဲ့အထိပါ ဦးတည်နေတယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အတွင်းရှိ လျှို့ဝှက်ဆဲလ်တခုဟာ အစိုးရကို တိုက်ရိုက် ပစ်မှတ်ထားတိုက်ခိုက်ရာမှာ  ရှင်းရှင်းလင်းလင်း ပါဝင်ပတ်သက်နေကြောင်း အဘူရာ့စ်က ပြောပါတယ်။

အစိုးရဟာ တခြားလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေကို ပံ့ပိုးပေးနေကြောင်း ဟူသီရဲ့ ယာယီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပြီး ဒီကိစ္စ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ပြောရေးဆိုခွင့်ရှိသူကတော့  လတ်တလော မှတ်ချက်ပေးခြင်း မရှိပါဘူး။

ကုလသမဂ္ဂကတော့ ယီမင်ရှိ ကုလသမဂ္ဂလုပ်ငန်းတွေ ဒါမှမဟုတ် ကုလသမဂ္ဂဝန်ထမ်းတွေဟာ သူလျှိုလုပ်မှုမှာ ပါဝင်ပတ်သက်နေကြောင်း ဟူသီတွေရဲ့ စွပ်စွဲချက်တွေကို အကြိမ်ကြိမ် ငြင်းဆိုခဲ့ပါတယ်။

ကုလသမဂ္ဂဝန်ထမ်း အနည်းဆုံး ၅၉ ယောက်ကို ဟူသီတွေက ဖမ်းဆီးထားကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပြီး မတရားဖမ်းဆီးမှုကို  ရှုတ်ချပြီးတော့ ကုလဝန်ထမ်းတွေနဲ့ တခြားထိန်းသိမ်းခံထားရသူတွေကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တရားခံတွေဟာ ယီမင်နိုင်ငံသားတွေဖြစ်ကြပြီး ယီမင်ဥပဒေအရ သူတို့ဟာ သေဒဏ်နဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ 

ဟူသီလုံခြုံရေးတပ်ဖွဲ့တွေဟာ တနင်္ဂနွေနေ့က ဆာနာရှိ ကုလသမဂ္ဂရုံးတွေဆီ ဝင်ရောက်ပြီးနောက် နောက်ဆုံးဖမ်းဆီးမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။ 

ကုလသမဂ္ဂကတော့ ယီမင်နိုင်ငံရှိ အကူအညီလိုအပ်နေသူတွေဆီ အကူအညီပေးရာမှာ ဟူသီတွေက အေဂျင်စီအတွက် ပိုမိုခက်ခဲအောင်လုပ်နေတာလို့ ပြောထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013