DVB Logo
Home
မြန်မာသတင်း
EPS အထူးစာမေးပွဲတွင် အောင်မြင်သူ ၇၀၀ နီးပါးရှိ
DVB
·
November 1, 2025
EPS အထူးစာမေးပွဲတွင် အောင်မြင်သူ ၇၀၀ နီးပါးရှိ
Donate to DVB

ကိုရီးယားအလုပ်အကိုင်အတွက် Special EPS-TOPIK စာမေးပွဲမှာ အောင်မြင်သူ ၇၀၀ နီးပါးရှိပြီး အောင်တဲ့အရေအတွက် များခဲ့တယ်လို့ စစ်ကောင်စီ သြဇာခံ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Special EPS-TOPIK စာမေးပွဲမှာ ဝင်ဖြေသူ ၇၇၀ ရှိတဲ့အနက် ၆၈၈ ဦးအောင်မြင်ခဲ့ပြီး ကျရူံးသူ ၈၂ ဦးပဲ ရှိခဲ့တာဖြစ်ပါတယ်။

အဲဒီစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိသူ ၅၇၀၀ နီးပါးရှိပြီး ဖြေဆိုဖို့ လျှောက်ထားတာ ၇၇၀ ဦးပဲ ရှိခဲ့သလို အောင်ချက်လည်း ကောင်းခဲ့တာဖြစ်ပါတယ်။

ကိုရီးယားဘာသာစကားသင်တန်း နည်းပြတယောက်က “အတွေ့အကြုံရှိပြီးသားသူတွေ ဖြစ်နေတာကြောင့်လည်းပါတယ်။ ကိုရီးယားဘက်က လုပ်သား ခေါ်မဲ့ ခွဲတမ်းလျာထားချက်နဲ့ ဖြေတဲ့လူဦးရေ နှုန်းအပေါ် အောင်မှတ်ပေးတာနဲ့လည်းဆိုင်မယ်” လို့ ပြောပါတယ်။

Special EPS-TOPIK စာမေးပွဲမှာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ခဲ့ဖူးတဲ့ အလုပ်သမားတွေ နောက်တကြိမ် သွားရောက်လုပ်ကိုင်နိုင်အောင် ပြုလုပ်ပေးတဲ့ စာမေးပွဲဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အနည်းဆုံး ၃ နှစ်အထက်လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံကို ၂၀၁၀ ဇန်နဝါရီ ၁ ရက်နောက်ပိုင်း ပြန်လည်ရောက်ရှိခဲ့သူတွေ နောက်တကြိမ် ပြန်လည်သွားရောက်လုပ်ကိုင်နိုင်ဖို့အတွက် အဲဒီစာမေးပွဲကို ရည်ရွယ်ကျင်းပတာလို့ POEA က အသိပေးထားပါတယ်။

Special EPS-TOPIK စာမေးပွဲကို အောက်တိုဘာ ၂၂ ကနေ ၂၄ ရက်အထိ ပြုလုပ်ခဲ့တာဖြစ်ပြီး အောင်မြင်သူတွေရဲ့ အလုပ်လျှောက်လွှာတင်ရမဲ့ရက်ကို ထပ်ကြေညာပေးမယ်လို့ POEA က ဆိုပါတယ်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၈၀,၀၀၀ နီးပါး ရောက်ရှိလုပ်ကိုင်နေသလို လစဥ်လုပ်သားရာနဲ့ချီ စေလွှတ်နေတယ်လို့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013