DVB Logo
Home
မြန်မာသတင်း
ကိုရီးယားအလုပ်အကိုင် EPS အထူးစာမေးပွဲ ဖြေဆိုခွင့်ဦးရေ အမည်စာရင်း အမှားယွင်းဖြစ်
DVB
·
September 19, 2025
ကိုရီးယားအလုပ်အကိုင် EPS အထူးစာမေးပွဲ ဖြေဆိုခွင့်ဦးရေ အမည်စာရင်း အမှားယွင်းဖြစ်
Donate to DVB

ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ် Special EPS-TOPIK စာမေးပွဲဖြေဆိုခွင့်ရှိတဲ့ အမည်စာရင်း မူလထုတ်ပြန်ချက် လွဲမှားခဲ့လို့ ပြန်လည်ပြင်ဆင်ထားရကြောင်း အဲဒီစာမေးပွဲဖြေမယ့် အလုပ်သမားတွေဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က အဲဒီစာမေးပွဲ ဖြေဆိုခွင့်ရှိတဲ့သူတွေရဲ့ အမည်စာရင်းကို စက်တင်ဘာ ပထမအပတ်မှာ ထုတ်ပြန်ခဲ့ရာ ဦးရေ ၆,၀၀၀ နီးပါးရှိပြီး အသစ်ပြန်ထုတ်ပြန်တဲ့အခါ ၅,၇၀၀ နီးပါး ဖြစ်သွားတာလို့ ဆိုပါတယ်။

Special EPS-TOPIK ဖြေခွင့်စာရင်းမှာ ပါသူတယောက်က “စာရင်းပါပြီးသားသူတွေ ထပ်ပါလို့ ဆိုပြီးတော့ ကြားတယ်။ အလုပ်လုပ်နေဆဲသူတွေစာရင်းလည်း ပါလာတာလို့ ပြောနေကြတယ်” လို့ ပြောပါတယ်။

ကိုရီးယားအလုပ်ရှင်ကိုယ်စားပြုအဖွဲ့ HRD-Korea က အမည်စာရင်း ပြင်ဆင်ပေးပို့လာတာကြောင့် ထပ်ပြီး ကြေညာတာလို့ POEA က အသိပေးထားပါတယ်။

Special EPS-TOPIK စာမေးပွဲမှာ တောင်ကိုရီးယားနိုင်ငံ သွားရောက်လုပ်ကိုင်ခဲ့ဖူးတဲ့ အလုပ်သမားတွေ နောက်တကြိမ် သွားရောက်လုပ်ကိုင်နိုင်အောင် ပြုလုပ်ပေးတဲ့ စာမေးပွဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ အနည်းဆုံး ၃ နှစ်အထက် လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံကို ၂၀၁၀ ဇန်နဝါရီ ၁ ရက် နောက်ပိုင်း ပြန်လည်ရောက်ရှိခဲ့သူတွေ နောက်တကြိမ် ပြန်လည်သွားရောက် လုပ်ကိုင်နိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တာလို့ POEA က ထုတ်ပြန်ထားပါတယ်။

Special EPS-TOPIK စာမေးပွဲဖြေဆိုခွင့်အတွက် အွန်လိုင်းကနေ စက်တင်ဘာ ၂၂ နဲ့ ၂၃ ရက်တို့မှာ လျှောက်ရမှာဖြစ်ပြီး အောက်တိုဘာ ၂၂ ကနေ ၂၄ ရက်အထိ စာမေးပွဲကျင်းပမယ်လို့ ကြေညာထားပါတယ်။

လက်ရှိ EPS စာမေးပွဲ အောင်ထားပြီး အလုပ်ခေါ်စာစောင့်နေရသူ အများအပြား ကျန်ရှိနေချိန်မှာ တကျော့ပြန်လုပ်သားတွေအတွက် စာမေးပွဲထပ်လုပ်တာကြောင့် သွားရောက်လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်း နည်းသွားမှာကို အလုပ်သမားတချို့က စိုးရိမ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013