DVB Logo
Home
နိုင်ငံတကာ
နယ်သာလန်ရွေးကောက်ပွဲ၌ ဗဟိုဝါဒီများ အနိုင်ရ၊ ပထမဆုံး ဂေးဝန်ကြီးချုပ် တက်လာနိုင်
DVB
·
October 30, 2025
နယ်သာလန်ရွေးကောက်ပွဲ၌ ဗဟိုဝါဒီများ အနိုင်ရ၊ ပထမဆုံး ဂေးဝန်ကြီးချုပ် တက်လာနိုင်
Donate to DVB

နယ်သာလန်ရွေးကောက်ပွဲမှာ ဗဟိုဝါဒီ D66 ပါတီက အမတ်နေရာအများဆုံး ရရှိခဲ့ပြီးတဲ့နောက်မှာ အသက် ၃၈ နှစ်အရွယ် ပါတီခေါင်းဆောင် ရော့ဘ်ဂျက်တန်ဟာ နယ်သာလန်ရဲ့ အသက်အငယ်ဆုံးနဲ့ ပထမဆုံး ဂေးဝန်ကြီးချုပ် ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

ဂျက်တန်ရဲ့ D66 ပါတီဟာ အမတ်နေရာ ၁၅၀ မှာ ၂၇ နေရာ နိုင်ဖို့ရှိနေပြီး ဂျီယာ့တ် ဝိုင်းလ်ဒါးစ်ရဲ့ အစွန်းရောက် လက်ယာယိမ်းပါတီကို ကပ်အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဝိုင်းလ်ဒါးစ်ရဲ့ ပါတီကတော့ ၂၅ နေရာရဖို့ ရှိနေပါတယ်။ အစိုးရဖွဲ့နိုင်ဖို့ အနည်းဆုံး အမတ်နေရာ ၇၆ နေရာ လိုအပ်တာကြောင့် ဂျက်တန်အနေနဲ့ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် အနည်းဆုံး ပါတီ ၄ ခုနဲ့ ခက်ခဲတဲ့ ညှိနှိုင်းမှုတွေ စတင်ရတော့မှာ ဖြစ်ပါတယ်။

အရင်က ရာသီဥတုနဲ့ စွမ်းအင်မူဝါဒရေးရာဝန်ကြီး ဖြစ်ခဲ့ဖူးတဲ့ ဂျက်တန်က “ငါတို့လုပ်နိုင်တယ်” ဆိုတဲ့ အကောင်းမြင်ဝါဒီ နိုင်ငံရေးသမားတယောက်အဖြစ် သူ့ရဲ့ပုံရိပ်ကို ပြောင်းလဲနိုင်ခဲ့ပါတယ်။

ရာသီဥတုနဲ့ ပညာရေးကိစ္စတွေအပြင် အငြင်းပွားဖွယ်ရာ လူဝင်မှုကြီးကြပ်ရေးနဲ့ အိမ်ရာအကျပ်အတည်း ခေါင်းစဉ်တွေနဲ့ပါ မဲဆွယ်ခဲ့ပါတယ်။

အိမ်ရာပြတ်လပ်မှု ပြဿနာကို ဖြေရှင်းဖို့၊ မြို့သစ် ၁၀ မြို့ တည်ဆောက်မယ့် အစီအစဉ်ကို ချပြထားပါတယ်။

တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကို တားဆီးဖို့အတွက် ခိုလှုံခွင့် လျှောက်လွှာတွေကို ဥရောပသမဂ္ဂ အပြင်ဘက်ကနေပဲ တင်သွင်းရမယ့်စနစ်ကိုလည်း အဆိုပြုခဲ့သူ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဝိုင်းလ်ဒါးစ်ကတော့ သူဟာ နောက်တက်မယ့် ညွန့်ပေါင်းအစိုးရမှာ ပါဝင်မှာမဟုတ်ဘဲ အတိုက်အခံအဖြစ် ရပ်တည်မယ်လို့ ကြေညာပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013