DVB Logo
Home
အားကစား
အာဆင်နယ် ဆယ်ကျော်သက် မက်ဒေါင်းမန်း အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရသူအဖြစ် စံချိန်တင်
DVB
·
October 30, 2025
အာဆင်နယ် ဆယ်ကျော်သက် မက်ဒေါင်းမန်း အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရသူအဖြစ် စံချိန်တင်
Donate to DVB

အာဆင်နယ် ဆယ်ကျော်သက်ကစားသမား မက်ဒေါင်းမန်းဟာ အသင်းသမိုင်းတလျှောက် အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

အသက် ၁၅ နှစ်နဲ့ ၃၀၂ ရက်ပဲရှိသေးတဲ့ အင်္ဂလန်လူငယ်ကစားသမားဟာ ဘရိုက်တန်နဲ့ ကရာဘောင်ဖလား ၁၆ သင်းအဆင့်မှာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး အသက်အငယ်ဆုံး ပွဲထွက်ခွင့်ရသူအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာပါ။

မနှစ်က လိဂ်ဖလားမှာ အသက် ၁၆ နှစ်၊ ၇၂ ရက်နဲ့ ပွဲထွက်ခဲ့တဲ့ ဂိုးသမား ဂျက်ပေါ်တာရဲ့ စံချိန်ကို မက်ဒေါင်းမန်းက ကျော်ဖြတ်ခဲ့တာပါ။

မက်ဒေါင်းမန်းဟာ ပြီးခဲ့တဲ့ သြဂုတ်လက ကစားခဲ့တဲ့ လိဒ်ယူနိုက်တက်နဲ့ ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီး အသက် ၁၅ နှစ်၊ ၂၃၅ ရက်နဲ့ ဒုတိယအသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ်မှာတော့ အီသန်နွန်နရီက အသက် ၁၅ နှစ်၊ ၁၈၁ ရက်နဲ့ အာဆင်နယ်သမိုင်းတလျှောက် အသက်အငယ်ဆုံး လူစားဝင်ကစားသူအဖြစ် မှတ်တမ်းတင်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013