DVB Logo
Home
မြန်မာသတင်း
အင်းစိန်တွင် ကားတိုက်ခံရသည့် အမျိုးသမီးကို ယာဥ်မောင်းက ဆေးရုံမပို့ဘဲ အမှိုက်ပုံ၌ စွန့်ပစ်
DVB
·
October 29, 2025
အင်းစိန်တွင် ကားတိုက်ခံရသည့် အမျိုးသမီးကို ယာဥ်မောင်းက ဆေးရုံမပို့ဘဲ အမှိုက်ပုံ၌ စွန့်ပစ်
Donate to DVB

အင်းစိန်မြိုနယ်၊ မြို့သစ် ဂ ရပ်ကွက်၊ ပိတောက်လမ်းထိပ်မှာ အောက်တိုဘာ ၂၉ ရက် ဒီကနေ့မနက် ၄ နာရီက အမျိုးသမီးတယောက်ကို Light Truck ယာဥ်တစီးက တိုက်ခဲ့ပြီး ဆေးရုံပို့ပေးမယ်ဆိုကာ ရွှေပြည်သာစက်မှုဇုန်မှာ လာပစ်သွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ မနက် ၆ နာရီက ရွှေပြည်သာစက်မှုဇုန်ရှိ အမှိုက်ပုံဘေးမှာ မျက်နှာနဲ့ ခြေထောက်မှာ သွေးတွေပြည့်နှက်နေတဲ့ အမျိုးသမီးတယောက်ကို ရပ်ကွက်နေသူတွေက တွေ့ပြီး လုမှုကူညီရေး အသင်းတွေကို ဖုန်းဆက်အကြောင်းကြားခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“အတော်လေး ယုတ်မာ အောက်တန်းကျတာ။ အင်းစိန်မှာ ကားနဲ့တိုက်တာ ဆေးရုံမပို့ဘဲ ရွှေပြည်သာစက်မှုဇုန်က အမှိုက်ပုံမှာ လာပစ်သွားတာ။ ကောင်မလေးက မျက်နှာနဲ့ ခြေထောက်မှာ သွေးတွေအများကြီးပဲ၊ မသေလို့တော်သေးတယ်။ ရပ်ကွက်က ပရဟိတအဖွဲ့အစည်းတွေကို ဖုန်းဆက်ပြီး အင်းစိန်ဆေးရုံကို ပို့လိုက်တယ်။”

ကားတိုက်ခံရတဲ့ အမျိုးသမီးဟာ မရမ်းကုန်းမြို့နယ်နေ ဦးမောင်ဝင်းရဲ့သမီး အသက် ၃၃ နှစ်အရွယ် မခင်လေးနွယ်ဖြစ်ပြီး ယာဥ်မောင်းဖြစ်သူက သေပြီအထင်နဲ့ အမှိုက်ပုံမှာ လာပစ်သွားတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ဘုရင့်နောင်ကနေ ရွှေပြည်သာဘက်ကို မောင်းလာတဲ့ လိုက်ထရပ်ကားက ပိတောက်လမ်းထိပ်မှာ တိုက်တာ၊ ကားနံပါတ်က YGN-5, 8B-1709 ဆိုတော့ ရွှေပြည်သာမြို့က ကားပါ၊ ဒီလိုလုပ်ရပ်မျိုးကို ဖမ်းဖို့လိုတယ်။”

လတ်တလောမှာ ယာဥ်တိုက်ခံရတဲ့ အမျိုးသမီးဟာ အင်းစိန်ဆေးရုံ အရေးပေါ်ကုသဆောင်မှာ ကုသနေရပြီး မိသားစုဝင်တွေ ဆက်သွယ်နိုင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်ကလည်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ စက်မှုဇုန် လုံခြုံရေး ဝန်ထမ်းတယောက်ကို ကားတိုက်ပြီး ယာဥ်ပိုင်ရှင်က ဆေးရုံပို့ပေးမယ်ဆိုကာ လှိုင်သာယာတရားရုံး အနီးက မြက်တောထဲမှာ လွှင့်ပစ်ခဲ့တဲ့ဖြစ်စဥ်က ယာဥ်မောင်းကိုလည်း အခုထိ မမိသေးပါဘူး။

ဒါ့အပြင် အောက်တိုဘာ ၇ ရက်ကလည်း လှိုင်သာယာအနောက်ပိုင်းမြို့နယ် အနောက်ပိုင်းတက္ကသိုလ် သပြေခြံအနီးမှာ အသက် ၄၀ အရွယ် အမျိုးသားတယောက် ယာဥ်တိုက်ခံရပြီး ယာဥ်မောင်းသမားက ကိုင်းတောထဲမှာ လွှင့်ပစ်ခဲ့တာကြောင့် ပရဟိတအဖွဲ့တွေက ကယ်ဆယ်ခဲ့ပေမဲ့ အသက်သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013