DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ် တောင်ကိုရီးယားရောက်၊ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ် ကြိုဆို
DVB
·
October 29, 2025
ထရမ့်ပ် တောင်ကိုရီးယားရောက်၊ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ် ကြိုဆို
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အာရှခရီးစဉ် နောက်ဆုံးနိုင်ငံအဖြစ် တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်ဂျူးမြို့ကို အောက်တိုဘာ ၂၉ ရက်မှာ ရောက်ရှိလာခဲ့ပါတယ်။

ထရမ့်ပ် မရောက်ရှိမီ နာရီပိုင်းအလိုမှာပဲ အိမ်နီးချင်း မြောက်ကိုရီးယားက နျူထိပ်ဖူးတပ်ဆင်နိုင်တဲ့ ခရုဇ်ဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

ဒါဟာ မြောက်ကိုရီးယားကို နျူလက်နက်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုပေးဖို့ အင်အားပြတဲ့ လုပ်ရပ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ဒါပေမဲ့ သမ္မတထရမ့်ပ်ကတော့ ဒီဒုံးကျည်ပစ်လွှတ်မှုကို အလေးမထားဘဲ တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲကိုသာ အဓိက အာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ထရမ့်ပ်ဟာ တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်နဲ့ တွေ့ဆုံပြီး ကုန်သွယ်ရေးသဘောတူညီချက် အပြီးသတ်နိုင်ရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။

တောင်ကိုရီးယားပို့ကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်းပဲ ကျသင့်ဖို့အတွက် အမေရိကန်မှာ ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပါ့မယ်လို့ တောင်ကိုရီးယားဘက်က သဘောတူထားပေမဲ့ အသေးစိတ် ညှိနှိုင်းမှုတွေကတော့ မပြီးပြတ်သေးပါဘူး။

ထရမ့်ပ်ဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) အစည်းအဝေးရဲ့ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘဲ APEC CEO ဆွေးနွေးပွဲမှာတော့ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

APEC အစည်းအဝေးပြင်ပမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ရှိပြီး နှစ်ဖက်တင်းကျပ်မှုတွေ လျှော့ချကာ ကုန်သွယ်ရေးစစ်ပွဲရပ်စဲဖို့ ဆွေးနွေးမှာဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံဖို့ ထရမ့်ပ်က ဆန္ဒရှိကြောင်း ပြောထားပေမဲ့ နျူလက်နက်စွန့်လွှတ်ဖို့ ဖိအားပေးမှုတွေ ရပ်တန့်မှသာ တွေ့ဆုံမယ်လို့ ပြုံယမ်းဘက်က တုံ့ပြန်ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ရောက်ရှိမလာသေးခင်မှာပဲ မြောက်ကိုရီးယားဟာ အောက်တိုဘာ ၂၈ ရက်က ကိုရီးယားကျွန်းဆွယ်ရဲ့ အနောက်ဘက်ကို ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ထုတ်ပြန်ပါတယ်။

တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းအနီးက ဒေသတခုကနေ အရှေ့မြောက်ဘက်ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပစ်လွှတ်လိုက်တဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေလို့ ယူဆရတဲ့ ဒုံးကျည်အများအပြားကို တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) က ကြေညာချက်ထုတ်ပြန် ပြောပါတယ်‌။

စစ်တပ်ဟာ မြောက်ကိုရီးယားမှာ ဒုံးကျည်လှုပ်ရှားမှုကို ထောက်လှမ်းမိခဲ့ပြီး အင်္ဂါနေ့မှာ ပစ်လွှတ်ဖို့ ပြင်ဆင်ထားတာကို တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံး (JCS) က ပြောပါတယ်။

စစ်တပ်ဟာ အောက်တိုဘာ ၂၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီလောက်မှာ မြောက်ကိုရီးယားရဲ့ အနောက်ဘက် ပင်လယ်ပြင်မှာ ခရုဇ်ဒုံးကျည်တွေကို တွေ့ရှိခဲ့ကြောင်း JCS က ပြောကြားပါတယ်။

အင်္ဂါနေ့က မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ပြီးနောက်မှာ ယွန်ဟက်ပ် သတင်းအေဂျင်စီဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား အောင်မြင်မှုမှတ်တမ်းကို ထုတ်လွှင့်သွားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013