
တူရကီလိဂ်က ဒိုင်တွေနဲ့ တာဝန်ရှိသူတွေဟာ အရေအတွက်ရာနဲ့ချီပြီး လောင်းကစားလုပ်ကြောင်း စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။
၅ နှစ်တာ စုံစမ်းဖော်ထုတ်ချက်အရ တူရကီလိဂ်က ဒိုင်လူကြီးတွေ အပါအဝင် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူ အယောက် ၆၀၀ နီးပါးမှာ ၃၇၁ ယောက်က လောင်းကစားလုပ်တဲ့ အကောင့်တွေရှိတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။
အဲဒီထဲက ၄၂ ယောက်က ဘောလုံးပွဲစဉ် ၁,၀၀၀ နဲ့ အထက် လောင်းကစားလုပ်ဆောင်ခဲ့ပြီး တာဝန်ရှိသူတယောက်ဆိုရင် အကြိမ် ၂၀,၀၀၀ နီးပါး လောင်းကစားလုပ်ခဲ့တာကို တွေ့ရှိခဲ့တာပါ။
လောင်းကစားလုပ်သူတွေထဲမှာ တူရကီလိဂ်က ကွင်းလယ်ဒိုင် ၇ ယောက်နဲ့ စည်းကြပ်ဒိုင် ၁၅ ယောက် ပါဝင်တာကြောင့် လုပ်ပွဲလုပ်ဆောင်မှုတွေရှိနိုင်ကြောင်း သုံးသပ်မှုတွေရှိလာပါတယ်။
တူရကီဘောလုံးအဖွဲချုပ်ဘက်ကတော့ စည်းကမ်းပိုင်ဆိုင်ရာအရ အရေးယူသွားမှာဖြစ်ပြီး တူရကီဘောလုံးကို ထိုက်တန်တဲ့အဆင့်အတန်းရောက်စေဖိုဆိုရင် ဒီလိုအကျင့်ပျက်မှုတွေကို ရှင်းလင်းသွားရမှာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
Photo: Reuters










