DVB Logo
Home
အားကစား
ပြင်းပြင်းထန်ထန် ကြိုးစားမှုက ရလဒ်ကောင်းမွန်လာခြင်း၏ အဓိကအချက်ဖြစ်ဟု အမ်ဘူမို ပြော
DVB
·
October 27, 2025
ပြင်းပြင်းထန်ထန် ကြိုးစားမှုက ရလဒ်ကောင်းမွန်လာခြင်း၏ အဓိကအချက်ဖြစ်ဟု အမ်ဘူမို ပြော
Donate to DVB

မန်ယူအသင်းရဲ့ ရလဒ်ကောင်းမွန်လာမှုဟာ လေ့ကျင့်ရေးကွင်းမှာ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာတွေက အဓိကအချက်ဖြစ်ကြောင်း တိုက်စစ်ကစားသမား အမ်ဘူမိုက ပြောသွားပါတယ်။

ကင်မရွန်း ကစားသမားဟာ ဘရိုက်တန်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းခဲ့ပြီး အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၄ ဂိုး ရယူထားသူပါ။

လေ့ကျင့်ရေးကွင်းမှာ ပြင်းထန်တဲ့ အလုပ်ကြိုးစားမှုတွေက ရလဒ်ကောင်းမွန်လာခြင်းရဲ့ အဓိကအချက်ဖြစ်ပြီး လေ့ကျင့်ရေးကွင်းမှာ လုပ်ဆောင်ထားတာတွေကို ကွင်းထဲမှာ ထပ်မံလုပ်ဆောင်နိုင်ဖို့ ကြိုးစားတာဖြစ်ကြောင်း အမ်ဘူမိုက ပြောပါတယ်။ 

အလုပ်ကြိုးစားမှုအပြင် စည်းလုံးညီညွတ်မှုရှိတာကလည်း အဓိကအချက်ဖြစ်ပြီး ဖြစ်နိုင်သမျှ အကောင်းဆုံးစွမ်းဆောင်ရည်ရရှိဖို့ ကြိုးစားကြောင်းလည်း အမ်ဘူမိုက ပြောသွားပါတယ်။

ယူနိုက်တက်ဟာ လိဂ် ၃ ပွဲဆက်နိုင်ပွဲနဲ့ အတူ ပွဲစဉ် ၉ အပြီးမှာ အဆင့် ၆ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013