DVB Logo
Home
မြန်မာသတင်း
နယူးဇီလန်လွှတ်တော်အမတ်များ ထိုင်း-မြန်မာနယ်စပ်ကို သွားရောက်ခဲ့သည့်ခရီးစဉ် ရှင်းလင်းပွဲ ကျင်းပ 
DVB
·
October 26, 2025
နယူးဇီလန်လွှတ်တော်အမတ်များ ထိုင်း-မြန်မာနယ်စပ်ကို သွားရောက်ခဲ့သည့်ခရီးစဉ် ရှင်းလင်းပွဲ ကျင်းပ 
Donate to DVB

နယူးဇီလန် လွှတ်တော်အမတ်တွေရဲ့ ထိုင်း-မြန်မာနယ်စပ်ကို သွားရောက်ခဲ့တဲ့ အချက်အလက်ရှာဖွေရေး ခရီးစဥ်နဲ့ပတ်သက်ပြီး လေ့လာတွေ့ရှိချက်တွေကို ရှင်းပြတဲ့ လူထုတွေ့ဆုံပွဲကို  နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့မှာ  အောက်တိုဘာ ၂၅ ရက်က ကျင်းပပါတယ်။

နယူးဇီလန် ပါလီမန်လွှတ်တော်အမတ်  ဖေးလ်ထွိုက်ဖို့ဒ် ဦးဆောင်ပြီး လေဘာပါတီ လွှတ်တော်အမတ် ရေချယ်ဘွိုင်းအက်ခ်နဲ့  ဂရင်းပါတီလွှတ်တော်အမတ် တီနာတူရိုနိုဖို့ဒ်တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ထိုင်း-မြန်မာနယ်စပ်ကို   ၉ ရက်ကြာသွားရောက်ပြီး မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်နေတဲ့ မြေပြင်အခြေအနေတွေကို သွားရောက် လေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ကိုယ်တိုင်တွေ့ရှိခဲ့တဲ့ အချက်အလက်တွေ၊ နယ်စပ်ရှိ ပကတိအခြေအနေအရပ်ရပ်ကို အခြေခံပြီး နယူးဇီလန်ပြည်သူတွေ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ပိုမိုသိရှိစေဖို့  လူထုတွေ့ဆုံရှင်းပြပွဲ ကျင်းပတာလို့ နယူးဇီလန်ရောက် မြန်မာ့အရေးလှုပ်ရှားသူ တယောက်က ပြောပါတယ်။

“အဓိက ရည်ရွယ်ချက်ကတော့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေရဲ့ အခြေအနေတွေ၊ ဘာတွေ တွေ့ကြုံခံစားနေရသလဲ၊ နယူးဇီလန်အနေနဲ့ ဘာတွေအကူအညီပေးလို့ ရနိုင်မလဲ၊ တော်လှန်ရေးရဲ့ အခြေအနေတွေနဲ့  ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးဘယ်လို အမြင်တွေ ရှိကြသလဲဆိုတာတွေကို သွားပြီးတော့လေ့လာခဲ့ကြတာ။”

အထူးသဖြင့် မြန်မာ့အရေးကို နယူးဇီလန်ပြည်သူတွေ ပိုမိုသိရှိစေဖို့နဲ့ နယူးဇီလန်အစိုးရအနေနဲ့ မြန်မာ့အရေးကို ပိုမိုအာရုံစိုက်လာစေဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

အောက်ကလန်တက္ကသိုလ်မှာ ကျင်းပခဲ့တဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ လွှတ်တော်အမတ်တွေနဲ့အတူ  နယူးဇီလန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးကာကွယ်ရေးသူတွေဖြစ်တဲ့ မဖြိုးစန္ဒာစိုးနဲ့  ဂျဆန်နန်တို့ ကလည်းပါဝင်ဆွေးနွေးခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ နယူးဇီလန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီပွဲကို နယူးဇီလန်လွှတ်တော်အဖွဲ့ဝင်တွေနဲ့အတူ မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့- နယူးဇီလန်၊ နယူးဇီလန်အာရှအင်စတီကျုနဲ့ အောက်ကလန်တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာနနဲ့ နယူးဇီလန်အခြေစိုက် မြန်မာ့လူအခွင့် အရေးတက်ကြွလှုပ်ရှားသူတွေ ပူးပေါင်း စီစဉ်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013