DVB Logo
Home
နိုင်ငံတကာ
နယူးယောက်တွင် လမ်းဘေးဈေးသည်များ ဖြိုခွင်းခံရပြီးနောက် ဈေးပြန်ရောင်း 
DVB
·
October 23, 2025
နယူးယောက်တွင် လမ်းဘေးဈေးသည်များ ဖြိုခွင်းခံရပြီးနောက် ဈေးပြန်ရောင်း 
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့က မန်ဟန်တန်ရပ်ကွက် အောက်ပိုင်းမှာရှိတဲ့ ကန်နယ်လမ်းထဲက လမ်းဘေးစျေးသည်တွေဟာ ရပ်ကွက်ထဲကို လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်စည်းကြပ်ရေးဌာန (ICE)ရဲ့ ဝင်ရောက်ဖြိုခွင်း စစ်ဆင်ရေးအပြီး တရက်အကြာ အောက်တိုဘာ ၂၂ ရက်မှာ ဈေးပြန်ရောင်းနေကြပါတယ်။

မောရစ်ရှနိုင်ငံ ဇာတိဖြစ်ပြီး အမေရိကန်နိုင်ငံသားဖြစ်တဲ့ လမ်းဘေးဈေးသည် အာဝါဂမ်ဟာ အောက်တိုဘာ ၂၁ ရက် စီးနင်းမှုကို လူကိုယ်တိုင်မြင်တွေ့ခဲ့ရပေမဲ့ လမ်းပေါ်ထွက်ပြီး အဝတ်အစားတွေ ရောင်းနေပါတယ်။

"လူတွေက တခုခု ပြောရမယ်။ မကြောက်ရဘူး။ မတ်တတ်ရပ်ရမယ်။ အခုအချိန်ရောက်ပြီ”လို့ လမ်းဘေးဈေးသည် အာဝါဂမ်ဟာက ပြောပါတယ်။

စီးနင်းမှုအတွင်း အရာရှိတွေက အာဖရိကစျေးသည်အများအပြားကို မေးမြန်းခဲ့ပြီး အဘူလို့ ခေါ်တဲ့ သူငယ်ချင်းတယောက် ဖမ်းဆီး ထိန်းသိမ်းခံထားရတယ်လို့လည်း ဆက်ပြောပါတယ်။

နေကာမျက်မှန်တွေ ရောင်းတဲ့အနားက တခြားဈေးသည် မိုက်ကယ်ကတော့ စစ်ဆင်ရေးအတွင်း တွန်းတွန်းတိုက်တိုက် ဖြစ်ခဲ့တာတွေ့ခဲ့ရပြီး မြင်ကွင်းကြောင့် စိတ်မကောင်း ဖြစ်မိတယ်လို့ ပြောပါတယ်။

“အမေရိကန်ဖြစ်ဖို့၊ အမေရိကမှာ ကြီးပြင်းလာရတာ ဒီလိုမျိုး တခါမှ မမြင်ဖူးဘူး။”

အောက်တိုဘာ ၂၂ ရက်နေ့ အွန်လိုင်းထုတ်ပြန်ချက်တခုမှာ ICE ဟာ ကုန်ပစ္စည်းအတုရောင်းချမှုနဲ့ ပတ်သက်တဲ့ ရာဇ၀တ်မှုဆိုင်ရာလှုပ်ရှားမှုအဖြစ် အောက်တိုဘာ ၂၁ ရက်က စစ်ဆင်ရေးအတွင်း လူ ၉ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ပြည်တွင်းလုံခြုံရေးဌာန DHSက ပြောပါတယ်။ 

ဓားပြမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ ဥပဒေစိုးမိုးရေးဝန်ထမ်းတွေကို တိုက်ခိုက်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ပစ္စည်းအတုတွေ ထုတ်လုပ်ရောင်းချမှု အပါအဝင် ဖမ်းဆီးခံရသူတွေကြားက ရာဇ၀တ်မှုဆိုင်ရာ သမိုင်းကြောင်းတွေကို ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

DHSရဲ့ အင်တာနက် စာမျက်နှာမှာ "နယူးယော့ခ်မြို့ရဲ့ တူးမြောင်းလမ်းကို ပြန်ပြီးဘေးကင်းလုံခြုံအောင်ပြုလုပ်ခြင်း" လို့ ရည်ညွှန်းထားတဲ့ ခေါင်းစီးတခုကို တင်ပြ ထားပါတယ်။

ဌာနရဲ့ အကောင့်ကို လောလောဆယ် သီးခြားအတည်မပြုနိုင်သေးပါဘူး။ အနားက လမ်းမီးတိုင် တွေမှာ ဗုဒ္ဓဟူးနေ့ကတွေ့ရတဲ့ လက်ကမ်းကြော်ငြာ တစောင်မှာ အဖမ်းခံရနိုင်တဲ့ ဘယ်သူမဆို ဘုရားကျောင်း၊ ရုံးခန်း ဒါမှမဟုတ် တိုက်ခန်းလို အများပြည်သူအတွက် မဟုတ်တဲ့ နေရာဆီ ပြောင်းရွှေ့နေထိုင်ဖို့ တိုက်တွန်းထားပါတယ်။

တယောက်ယောက်က လူမြင်ကွင်းမှာ မရှိတော့ဘူးဆိုရင် အရာရှိတွေက ဖမ်းဆီးဖို့ တရားရေးဝရမ်း ထုတ်ဖို့လိုတယ်လို့လည်း သတိပေးထားပါတယ်။

လက်ကမ်းကြော်ငြာထဲမှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကာအကွယ် အကူအညီလိုရင် ဆက်သွယ်ဖို့ ဖုန်းနံပါတ်ကိုလည်း ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013