DVB Logo
Home
နိုင်ငံတကာ
ပီရူးမြို့တော် လီမာ၌ ရာဇ၀တ်မှုများနှိမ်နင်းရန် အရေးပေါ်အခြေအနေ ကြေညာ
DVB
·
October 23, 2025
ပီရူးမြို့တော် လီမာ၌ ရာဇ၀တ်မှုများနှိမ်နင်းရန် အရေးပေါ်အခြေအနေ ကြေညာ
Donate to DVB

ပီရူးနိုင်ငံရဲ့ ယာယီသမ္မတ ဟိုဆေးဟဲရီဟာ မြို့တော် လီမာနဲ့ သူ့ကပ်ရက်ရှိ ကာလ်ယောင်း ပြည်နယ်တို့ကို ရက်ပေါင်း ၃၀ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး ဒီလုပ်ဆောင်ချက်ဟာ မြင့်တက်လာတဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ပီရူး ယာယီသမ္မတ ဟိုဆေးဟဲရီက“ကျနော်တို့ဟာ ရာဇ၀တ်မှု တိုက်ဖျက်ရေးမှာ ခံစစ်မှ ထိုးစစ်ကို သွားနေတာဖြစ်ပြီး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပီရူးပြည်သူတွေ သန်းပေါင်းများစွာရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိစေမယ့် တိုက်ပွဲတခုပါ”လို့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဒီကြေညာချက်ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက လူတယောက် သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ဆန္ဒပြပွဲတွေအပြီးမှာ ထုတ်ပြန်ခဲ့တာပါ။

ညသန်းခေါင်ကျော်မှာ စတင်ပြီး ဝန်ကြီးများကောင်စီက အတည်ပြုလိုက်တဲ့ အဲဒီစီမံချက်ဟာ ပြည်သူ့လုံခြုံရေးကို ထိန်းသိမ်းဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြန့်ကြက် ချထားတာကို ခွင့်ပြုပေးထားကြောင်း ပီရူး ယာယီသမ္မတ ဟိုဆေး ဟဲရီက ပြောပါတယ်။ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ သူက မပြောခဲ့ပါဘူး။

သမ္မတဟောင်း ဒီနာဘိုလွာတေး  ဖြုတ်ချခံရပြီးနောက် အခုလအစောပိုင်းမှာ ဟိုဆေးဟဲရီဟာ ယာယီသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

သူဟာ ပြီးခဲ့တဲ့သီတင်းပတ်က အစိုးရအဖွဲ့အသစ်ကို ထုတ်ဖော်ပြသခဲ့ပြီး ရာဇဝတ်မှု တိုက်ဖျက်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် လုပ်ဆောင်မယ်လို့ ကတိပြုခဲ့ပါတယ်။

ယာယီသမ္မတဟာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ “ဂျန်ဇီ” လို့ ခေါ်ကြတဲ့ လူငယ်တွေကနေ နိုင်ငံမှာ မှုခင်းတွေ မြင့်တက်လာတာကို တားဆီးအရေးယူပေးဖို့ တောင်းဆိုကြတဲ့ သူ့ရဲ့ ပထမဆုံးသော အဓိကဆန္ဒပြမှုကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။

ပီရူးနိုင်ငံမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့အတွက် အရေးပေါ်အခြေအနေ ကြေညာတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

သမ္မတဟောင်း ဘိုလွာတေးဟာ မတ်လတုန်းက အလားတူ ရက်ပေါင်း ၃၀ စီမံချက် အတိုင်းအတာကို ချမှတ်ခဲ့ပါသေးတယ်။

ထပ်တလဲလဲ အရေးပေါ်ကြေညာချက်တွေဟာ ရာဇ၀တ်မှုတွေကို လျှော့ချရာမှာ အနည်းငယ်သာ အလုပ်ဖြစ်ခဲ့တယ်လို့ အကဲခတ်တွေနဲ့ လုံခြုံရေးကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013