DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင် အသုံးပြုနေသည့် Starlink အလုံး ၂၅၀၀ ကျော်ကို SpaceX ပိတ်
DVB
·
October 23, 2025
မြန်မာပြည်တွင် အသုံးပြုနေသည့် Starlink အလုံး ၂၅၀၀ ကျော်ကို SpaceX ပိတ်
Donate to DVB

Starlink အင်တာနက် ဝန်ဆောင်မှုရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ SpaceX က မြန်မာနိုင်ငံမှာရှိတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကလို့ သံသယရှိတဲ့ Starlink အလုံး ၂၅၀၀ ကျော်ကို ပိတ်လိုက်တယ်လို့ SpaceX ရဲ့ Starlink  လုပ်ငန်းဌာန ဒုတိယဥက္ကဋ္ဌ လော်ရန်ဒရေယာက လူမှုကွန်ရက် X မှာ ဖော်ပြပါတယ်။

အမေရိကန် အောက်လွှတ်တော်က မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေနဲ့ Starlink ပတ်သက်မှုကို စုံစမ်းစစ်ဆေးနေချိန်မှာ အခုလို ပိတ်လိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေကို ထိုင်း-မြန်မာနယ်စပ်က စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)  ထိန်းချုပ်တဲ့ နေရာတွေမှာ အများစု လုပ်ကိုင်နေတာပါ။ 

အဲဒီ ထိုင်း-မြန်မာ နယ်စပ်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းခေါ် ကျားဖြန့်လုပ်ငန်းတွေမှာ သုံးတဲ့ အင်တာနက်လိုင်းတွေကို ထိုင်းဘက်က ဖြတ်လိုက်ပြီးနောက်ပိုင်းမှာ အဲဒီကျားဖြန့်လုပ်ငန်းတွေဟာ Starlink ကို ပြောင်းပြီး အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။ 

တဖက်မှာလည်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်ရေးတပ်တွေဟာ ဆက်သွယ်ရေးအတွက် စတားလင့် အင်တာနက်ကို မှီခိုနေကြရတာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့တချို့ သုံးတဲ့  Starlink  တွေပါ မရတော့ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013