DVB Logo
Home
မြန်မာသတင်း
ဒေါ်မျိုးမျိုးအေးနှင့် ကိုသက်နှင်းအောင် အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူအချို့ ပြန်လွတ်လာ
DVB
·
October 20, 2025
ဒေါ်မျိုးမျိုးအေးနှင့် ကိုသက်နှင်းအောင် အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူအချို့ ပြန်လွတ်လာ
Donate to DVB

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM) ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အလုပ်သမားအရေး လှုပ်ရှားသူတချို့ ဒီကနေ့ အောက်တိုဘာ ၂၀ ရက် ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ STUM က ထုတ်ပြန်ပါတယ်။

ဒေါ်မျိုးမျိုးအေးနဲ့အတူ အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ အလုပ်သမားအရေး လှုပ်ရှားသူတွေဖြစ်တဲ့ ကိုသက်နှင်းအောင်နဲ့ မသက်ထားဆွေတို့လည်း ပြန်လည်လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။ 

ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူတွေကို အောက်တိုဘာ ၂၀ ရက် ညနေ ၄ နာရီခွဲမှာ ဒုသမ္မတအမိန့်နဲ့ လက်ရှိ စွဲဆိုထားတဲ့ အမှုအားလုံးကို ရုပ်သိမ်းကြောင်း ဖတ်ပြပြီးအ အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်တယ်လို့ STUM ကထုတ်ပြန်ထားပါတယ်။

ဒေါ်မျိုးမျိုးအေးမှာ နေအိမ်ကို ပြန်လည်ရောက်ပြီလို့ ကနဦးသိရပြီး ဖမ်းဆီးထောင်ချခံ ထားရတဲ့အလုပ်သမားအရေးလှုပ်ရှားသူတွေဖြစ်တဲ့ ကိုသက်နှင်းအောင်နဲ့ မသက်ထားဆွေတို့လည်း ပြန်လွတ်တဲ့အထဲပါတယ်လို့လည်း STUM က ဆိုပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမားသမဂ္ဂများအဖွဲ့ ချုပ် (MICS-TUsF)ရဲ့ တာဝန်ရှိသူ တယောက်က သူတို့အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်း အောင်အင်းစိန်ထောင်ကနေ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။

"ရဲစခန်းက ဖုန်းနဲ့ မိသားစုဆီလှမ်းဆက်တယ်လို့သိရတယ်။ အခြေအနေအတိအကျသိရအောင် ကျနော်တို့  ရှေ့ နေကို လွှတ်ထားတယ်ဗျ"

ဒါပေမဲ့ ဒေါ်မျိုးမျိုးအေးနဲ့အတူ ဖမ်းဆီးခံရတဲ့ STUM ဝန်ထမ်း ၉ ယောက်ကိုတော့  အကျဉ်းထောင်ထဲမှာ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။ 

စစ်ကောင်စီက ဒေါ်မျိုးမျိုးအေးကို ဇူလိုင် ၂၅ ရက်မှာ နေအိမ်ကနေ ဖမ်းဆီးသွားပြီး တဆက်တည်းမှာပဲ STUM ရုံးဝန်ထမ်း ၉ ယောက်ကိုပါ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013