DVB Logo
Home
မြန်မာသတင်း
နန်းပန်တွင် မူးယစ်ဆေးသုံးသူများကို စစ်တပ်နှင့်ရဲကဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်း
DVB
·
October 19, 2025
နန်းပန်တွင် မူးယစ်ဆေးသုံးသူများကို စစ်တပ်နှင့်ရဲကဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်း
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့၊ အင်းပေါ်ခုံကျေးရွာအုပ်စုမှာ မူးယစ်ဆေးဝါးသုံးစွဲသူ ၁၁ ယောက်ကို စစ်‌တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့ပြီး တယောက်ကို ငွေ ၁၅ သိန်းနဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၁၃ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၁၇ ရက်နေ့မှာတော့ မိသားစုတွေကို ဆက်သွယ်လာပြီး ဖမ်းခံထားရသူတွေကို ငွေနဲ့ ပြန်ရွေးခိုင်းတာလို့ ဆိုပါတယ်။

ဒေသခံတယောက်က “သူတို့က နန်းပန်ရဲစခန်းကို ဖမ်းသွားတယ်။ ဖမ်းပြီး ၄ ရက်ကြာ‌တော့ ပြန်လာရွေးခိုင်းတာ။ နန်းပန်ရဲစခန်းမှာ နိုင်လင်းနဲ့ စကားပြောရတယ်။ သူ့ဆီ သွားညှိနှိုင်းရတာ။ တဦးကို အစက သိန်း ၃၀ တောင်းတာ။ နောက်မှ တဦးကို ၁၅ သိန်းနဲ့ပြန်ရသွားတယ်” လို့ ပြောပါတယ်။

အင်းပေါ်ခုံကျေးရွာအုပ်စု၊ ရွာကြီးအထက်ရွာက ၄ ယောက်၊ ချောင်းကန်ရွာက ၄ ယောက်၊ အင်းပေါခုံရွာ၊ ရွာသစ်ရွာနဲ့ ရွာကြီးရွာက ၁ ယောက်စီ ဖမ်းခံခဲ့ရပြီး အသက်၂၀ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “မူးယစ်ဆေးဝါး သုံးတဲ့သူတွေဆိုတော့ သူတို့မိဘတွေလည်း ပိုက်ဆံမရှိပါဘူး။ ပြန်လာရွေးချိန် တချို့ဆို ငွေချေးငှားရတယ်။ တချို့ဆို အိမ်မှာရှိတဲ့ ပစ္စည်းတွေ ရောင်းချရတယ်” လို့ပြောပါတယ်။

မူယစ်ဆေးသုံးသူတွေကို ဖမ်းဆီးတုန်းက ကျေးရွာလူကြီးတွေ အသိသက်သေ မပါတာ၊ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားသူတွေကို မဖမ်းဆီးဘဲ သုံးစွဲသူတွေကို ဖမ်းဆီးတာတို့ကြောင့် ဒေသခံတွေ မကျေနပ်ကြဘူးလို့ သိရပါတယ်။

နန်းပန်မြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဟာ စစ်တပ်ကို တလကို ကျပ်သိန်း ၈၀ ပေးပြီး ပေါ်ပေါ်ထင်ထင် ရောင်းဝယ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013