DVB Logo
Home
အားကစား
အင်္ဂလန်အသင်းသားအားလုံး ကမ္ဘာ့ဖလားချန်ပီယံဖြစ်လိုဟု ရိုက်စ် ပြော
DVB
·
October 19, 2025
အင်္ဂလန်အသင်းသားအားလုံး ကမ္ဘာ့ဖလားချန်ပီယံဖြစ်လိုဟု ရိုက်စ် ပြော
Donate to DVB

အင်္ဂလန်အသင်းသားအားလုံးဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားချန်ပီယံဆုဖလားကို ရယူဖို့ စိတ်အား ထက်သန်နေကြတယ်လို့  ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ပြောပါတယ်။

ကမ္ဘာ့အဆင့် ကစားသမားတွေရှိတဲ့ အင်္ဂလန်အသင်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ဖူးသူမရှိသေးတာကြောင့် ကစားသမားဘဝမှာ မှတ်တိုင်တခုစိုက်ထူဖို တသင်းလုံးက ဆန္ဒရှိနေကြောင်း၊ အဲဒီလို ဆန္ဒမရှိဘူးဆိုရင် အသင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းသွားမှာဖြစ်ကြောင်း ရိုက်စ် ကပြောပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲက အချိန်များစွာလိုအပ်နေသေးပြီး လက်ရှိအချိန်မှာ အသင်းရဲ့ အောင်နိုင်ရေးစိတ်ဓာတ်ကို တည်ဆောက်နေဆဲကာလဖြစ်ကြောင်း ရိုက်စ်က ပြောပါတယ်။

လာမယ့် ၂၀၂၆ ကမ္ဘာ့လားမှာဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတွေထဲမှာ အင်္ဂလန်အသင်းက စပိန်နဲ့ ပြင်သစ်အသင်းတို့ရဲ့နောက် အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013