DVB Logo
Home
မြန်မာသတင်း
NCA ၁၀ နှစ်ပြည့် စကားဝိုင်းဆွေးနွေးပွဲမှ သဘောတူညီချက်များ ထုတ်ပြန်မည်
DVB
·
October 17, 2025
NCA ၁၀ နှစ်ပြည့် စကားဝိုင်းဆွေးနွေးပွဲမှ သဘောတူညီချက်များ ထုတ်ပြန်မည်
Donate to DVB

တနိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် စကားဝိုင်း နောက်ဆုံးနေ့ ဆွေးနွေးပွဲကို နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ မှာ ဒီနေ့ ဆက်လက်ကျင်းပနေပြီး သဘောတူညီချက်တွေကို ထုတ်ပြန်ဖို့ရှိတယ်လို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်နေသူထံက သိရပါတယ်။

NCA ၁၀ နှစ်ပြည့် စကားဝိုင်းဒုတိယနေ့မှာ ရွေးကောက်ပွဲအလွန် နိုင်ငံတည်ဆောက်ရေးနဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုးတိုးတက်လာရေးဆိုတဲ့ ခေါင်းစဉ်တွေကို အဖွဲ့ ၂ ဖွဲ့ ခွဲဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ 

ဒီကနေ့ နောက်ဆုံးနေ့မှာတော့ အဖွဲ့ ၂ ဖွဲ့စလုံးကို ပေါင်းပြီး ရရှိထားတဲ့အချက်တွေကို ပြန်ဆွေးနွေးကြမှာလို့ တိုင်းလိုင်ရှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်က  ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို စစ်ဘက်က ကိုယ်စားလှယ်တွေ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၆ ဖွဲ့က ခေါင်းဆောင်တွေ၊ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအပြင် နိုင်ငံတကာကတတ်သိပညာရှင်တချို့လည်း ပါဝင်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ NCA ၁၀ နှစ်ပြည့် အခမ်းအနား မိန့်ခွန်းမှာ အခြေခံဥပ‌ဒေပြင်ဆင်ဖို့အတွက် တချို့အချက်တွေကို သဘောတူညီပြီးဖြစ်လို့  တိုင်းရင်းသားတွေ အနေနဲ့ ဖြစ်နိုင်တာကိုပဲ တောင်းဆိုပြီး မဖြစ်နိုင်တာတွေကို မလုပ်ကြဖို့  ပြောဆိုခဲ့ပါတယ်။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013