DVB Logo
Home
မြန်မာသတင်း
နဘူး-ကော့ကရိတ် လမ်းပိုင်းကို စစ်တပ်က DKBA နှင့် BGF တပ်အကူအညီဖြင့် ထိန်းချုပ် 
DVB
·
October 15, 2025
နဘူး-ကော့ကရိတ် လမ်းပိုင်းကို စစ်တပ်က DKBA နှင့် BGF တပ်အကူအညီဖြင့် ထိန်းချုပ် 
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ နဘူး-ကော့ကရိတ်လမ်းပိုင်းကို စစ်ကောင်စီတပ်က (DKBA) ဗိုလ်ဘိအဖွဲ့၊ BGF တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ပြန်လည်ထိန်းချုပ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်နဲ့ ဒေသခံတွေက ပြောပါတယ်။

နဘူး-ကော့ကရိတ်လမ်းပိုင်းကို စစ်တပ်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

ဒါအပြင် ကော့ကရိတ် စကခ ၁၂၊ ခလရ ၉၇ နဲ့ ကျုံဒိုး ခမရ ၅၄၅၊ ခမရ ၅၄၆ ကနေ လက်နက်ကြီး၊ ဒရုန်းပစ်ကူရယူပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဘက်က နယ်မြေတချို့ကို လက်လွှတ်လိုက်ရပါတယ်။

စစ်ရေးသတင်းရင်းမြစ်က “အခုလက်ရှိ ကျုံဒိုး-ကော့ကရိတ်၊ ကျုံဒိုး-နဘူးလမ်းက စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီ။ ဒီနယ်မြေမှာ တော်လှန်ရေးလုပ်ရတာ ကျနော်တို့ရဲ့ စိတ်သဘောထားအတိုင်း မဟုတ်တော့ တချို့အရာတွေမှာ သူတို့တွေ ဘယ်လိုလုပ်နေတယ်ဆိုတာ မသိဘူး။ ကျနော်တို့က အတတ်နိုင်ဆုံး လက်ရှိတာဝန်ယူထားတဲ့ အစိတ်အပိုင်းငယ်တော့ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ဆက်လက်ကြိုးစားနေတယ်။ တချို့အစိတ်အပိုင်းတွေကျတော့ ကျနော်တို့ အတိအကျ မသိရဘူး” လို့ ပြောပါတယ်။

အောက်တိုဘာ ၁၀ ရက်က ကော့ကရိတ်မြို့နယ်၊ နောင်မိရွာဘက်ကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် နောင်မိကျေးရွာအနီးမှာ KNLA ပူးပေါင်းတပ်ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ပြန်ဆုတ်သွားခဲ့ပါတယ်။

စစ်တပ်က အထိနာခဲ့တာကြောင့် နောင်တပ္ပံ၊ မြပတိုင်၊ နန်းကော့တေး၊ ကော့ဖန်ရပ်၊ နောင်မိကျေးရွာက ဒေသခံပြည်သူတွေကို ကျေးရွာအတွင်းက ထွက်ခွာခွင့်မပြုဘဲ  လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းပြီး ရိုက်နှက်ခဲ့ပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံထားရတဲ့ ကျေးရွာသား အယောက် ၅၀ နီးပါးကို မြပတိုင်ကျေးရွာဘက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံရွာသားတယောက်က ပြောပါတယ်။

“နဘူး-ကော့ကရိတ်လမ်းကို စစ်တပ်က ပြန်ထိန်းချုပ်တယ်။ လူတွေ ၄၀၊ ၅၀ လောက် မြပတိုင်ဘက်က ခေါ်သွားတာ။ ပြန်လွတ်တယ်တော့ မကြားမိသေးဘူး။ တိုက်ခိုက်တဲ့အချိန်တုန်းက BGF ၊ DKBA  (ဗိုလ်ဘိ) သူတို့ ပါတယ်။ သူတို့ကပူးပေါင်းပြီးတော့ အလုပ်လုပ်တဲ့သဘောမျိုး ပါသွားတယ်။”

နောင်မိကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရှင် ၃ ယောက် ဖမ်းဆီးရမိခဲ့တဲ့အပြင် အယောက် ၃၀ နီးပါး သေဆုံးပြီး ဒဏ်ရာရသူ များပြားခဲ့တာကြောင့် အထိနာခဲ့တဲ့အတွက် အောက်တိုဘာ ၁၄ ရက်မှာ နောင်မိကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲပစ်ခတ်ခဲ့တာကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013