
အင်္ဂလန်အသင်းဟာ အောက်တိုဘာ ၁၅ ရက်မှာ ကစားမယ့် လတ်ဗီးယားနဲ့ပွဲမှာ အနိုင်ရမယ်ဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပါတယ်။
အုပ်စုပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ၅ ပွဲစလုံး အနိုင်ရထားတဲ့ အင်္ဂလန်အသင်းဟာ လတ်ဗီးယားနဲ့ ပွဲစဉ် ၆ မှာ အနိုင်ရမယ်ဆိုရင် ဒုတိယနေရာက ဆားဘီးယားအသင်းကို ၇ မှတ်အထိ ဖြတ်နိုင်မှာဖြစ်ပြီး လက်ကျန် ၂ ပွဲအလိုမှာ အုပ်စုပထမနေရာကနေ ခြေစစ်ပွဲအောင်ဖို့ သေချာသွားမှာပါ။
အင်္ဂလန်အသင်းဟာ လတ်ဗီးယားနဲ့ပွဲမတိုင်ခင် ခြေစမ်းပွဲမှာ ဝေးလ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရထားပြီး နောက်ဆုံး ၃ ပွဲဆက်လည်း ဂိုးမပေးရအောင် စွမ်းဆောင်ထားပါတယ်။
လတ်ဗီးယားနဲ့ပွဲမှာ တိုက်စစ်မှူး ဝက်စ်ကင် လွဲချော်မှာဖြစ်ပေမဲ့ ဝေးလ်နဲ့ပွဲမှာ လွဲချော်ခဲ့တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ပြန်လည်ပါဝင်ကစားမှာ ဖြစ်ပါတယ်။
Photo: Reuters










