DVB Logo
Home
နိုင်ငံတကာ
EU နယ်နိမိတ်ထဲ အဝင်အထွက်စနစ်သစ်ကို ခရိုအေးရှားနယ်စပ်၌ စတင်
DVB
·
October 13, 2025
EU နယ်နိမိတ်ထဲ အဝင်အထွက်စနစ်သစ်ကို ခရိုအေးရှားနယ်စပ်၌ စတင်
Donate to DVB

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေဟာ EU မဟုတ်တဲ့ နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို အီလက်ထရွန်းနစ်စနစ်နဲ့ မှတ်ပုံတင်ရင်း အစုအဖွဲ့ရဲ့ ပြင်ပနယ်စပ်တွေမှာ အောက်တိုဘာ ၁၂ ရက်က စပြီး အဝင်အထွက် စနစ်အသစ်ကို မိတ်ဆက် ကျင့်သုံးလိုက်ပါတယ်။

နယ်စပ်မှာ ခရီးသည်တွေရဲ့ နိုင်ငံကူးလက်မှတ်ကို စကင်န်ဖတ်ပြီး လက်ဗွေကိုရော လူကိုပါ ဓာတ်ပုံရိုက်ကာ၊ မှတ်ပုံတင်ဖို့လိုတဲ့ အလိုအလျောက်စနစ် (EES) ကို ၆ လကျော် မိတ်ဆက်ပေးမှာပါ။

ဒီလုပ်ရပ်ဟာ EU နိုင်ငံတချို့မှာ နိုင်ငံရေးအရ ဖိအားတွေကြားမှာ တည်းခိုနေထိုင်သူတွေကို ဖော်ထုတ်ဖို့၊ ဘယ်သူဘယ်ဝါအဖြစ် လိမ်လည်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်တာတွေကို တားဆီးဖို့ ရည်ရွယ်ထားပါတယ်။

အိုင်ယာလန်နဲ့ ဆိုက်ပရပ်စ်တို့ကလွဲပြီး အိုက်စလန်၊ နော်ဝေ၊ ဆွစ်ဇာလန်နဲ့ လစ်ချ်တန်စတိန်းတို့ အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးက နိုင်ငံသားမဟုတ်တဲ့လူတွေဟာ ရွှမ်ဂံဧရိယာထဲကို ပထမဆုံးဝင်တဲ့အခါ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အသေးစိတ် အချက်အလက်တွေကို မှတ်ပုံတင်ရမှာပါ။

နောက်ဆက်တွဲ ခရီးစဉ်တွေမှာတော့ မျက်နှာဇီဝဗေဒဆိုင်ရာ စစ်ဆေးတာပဲ လုပ်ဖို့လိုမှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် ခရိုအေးရှားနိုင်ငံရဲ့ ကုန်းမြေနယ်နိမိတ်ဟာ ဆားဘီးယားနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေလို့ ဒီစနစ်က ခရီးသည်တွေအတွက် အနှောင့်အယှက် နည်းနည်းဖြစ်ခဲ့တယ်၊ ၁၅ မိနစ်ကနေ မိနစ် ၂၀ အထိ စောင့်ရပြီး ဒီစနစ်ကို ဖြတ်သန်းဖို့ လူတယောက်ကို အချိန် ၂ မိနစ်လောက် ကြာတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

၂၀၂၆ ခုနှစ် ဧပြီ ၁၀ ရက်နေ့မှာ အီလက်ထရွန်းနစ်မှတ်တမ်းတွေနဲ့ ပြည်ဝင်ခွင့်ပေးတဲ့စနစ်က အပြည့်အဝ လည်ပတ်နိုင်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013