
ဂေါက်သီးအကျော်အမော် တိုက်ဂါးဝုဒ်ဟာ ပြင်းထန်တဲ့ နောက်ကျောရိုး ဝေဒနာကို ဖြေရှင်းဖို့ ခါးရိုး ၂ ခုကြားထဲက အရွတ်အစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်က ပြောကြားလိုက်ပါတယ်။
ဒါဟာ PGA Tour ပြိုင်ပွဲမှာ ပြန်ပြီး ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ နှောင့်နှေးစေတဲ့ ဒဏ်ရာပြဿနာတွေရဲ့ နောက်ဆုံးအခြေအနေပဲ ဖြစ်ပါတယ်။
အဓိကဖလား ၁၅ ကြိမ်ထိ ရရှိထားတဲ့ ချန်ပီယံ တိုက်ဂါးဝုဒ်ဟာ ၂၀၂၄ ခုနှစ် ဗြိတိန်အိုးပန်းပြိုင်ပွဲ ကတည်းက ဒဏ်ရာကြောင့် ဝင်ရောက်မကစားနိုင်တော့တာပါ။
လပေါင်းများစွာ ခံစားခဲ့ရတဲ့ နောက်ကျော နာကျင်မှုနဲ့ အကန့်အသတ်နဲ့သာ ရွေ့လျားနိုင်ခဲ့တာကို လပေါင်းများစွာ ခံစားခဲ့ရပြီးနောက်ပိုင်း သောကြာနေ့က ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပြီလို့ ပြောပါတယ်။
အသက် ၄၉ နှစ်အရွယ် ဝုဒ်ဟာ ဘယ်ဘက်ခြေထောက် အရွတ်စုတ်ပြတ် ဒဏ်ရာကြောင့် မတ်လက ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ၂၀၂၁ ခုနှစ် ကားမတော်တဆမှု ဖြစ်ပြီးနောက်ပိုင်း အကန့်အသတ်နဲ့သာ ကစားနိုင်ခဲ့တာပါ။
ဒီဇင်ဘာ ၄ ရက်ကနေ ၇ ရက်ထိ အယ်လ်ဘာနီမှာ ကျင်းပမယ့် Hero World Challenge ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကစားသမားတွေကို ထုတ်ပြန်တဲ့အထဲမှာ ဝုဒ် မပါဝင်ခဲ့ဘူးလို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က ပြောပါတယ်။










