DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် မဲစာရင်း ၁ သောင်းကျော် မှားယွင်းနေ
DVB
·
October 11, 2025
နေပြည်တော်တွင် မဲစာရင်း ၁ သောင်းကျော် မှားယွင်းနေ
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ မြို့နယ် ၈ မြိုနယ်မှာ မဲစာရင်း တသောင်းကျော် ကွာဟနေတာကြောင့် ပြန်လည်ပြင်ဆင်ဖို့ လျှောက်ထားနေရတယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ပျဉ်းမနားနဲ့ ဇမ္မူသီရိမြို့နယ်က မဲစာရင်းမှာ လက်ရှိနေထိုင်သူတွေမပါဘဲ ပြောင်းရွှေ့သွားသူတွေနဲ့ သေဆုံးသွားသူတွေ ပါနေတာကြောင့် ပုံစံ ၄ အရ ကန့်ကွက်နေရတယ်လို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“ပျဉ်းမနားခရိုင်မှာ ရပ်ကျေးအုပ်ချုပ်ရေးက စာရင်းမကောက်ဘဲ အရင်စာရင်းဟောင်းကိုတွေကို ထွေအုပ်ကိုပို့၊ ထွေအုပ်ကလည်း မစိစစ်ဘဲ UEC ကိုပို့တာ။ အချို့ရပ်ကွက်တွေမှာ ဘယ်လောက်ဆိုးလဲဆိုရင် ကိုယ်စားလှယ်နာမည်တောင် မဲစာရင်းမှာမပါဘူး။ ပုံစံ ၄ အရ ကန့်ကွက်လွှာပြန်တင်၊ အစကနေ ပြန်လုပ်နေရတယ်” လို့ပြောပါတယ်။

ပုဗ္ဗသီရိနဲ့ဇေယျာသီရိမြို့နယ်မှာတော့ မဲစာရင်းကွာဟမှု ၃,၂၀၀ ကျော်ရှိပြီး ပုံစံ ၃ အရ မဲစာရင်းမှာ ပြန်လည်ထည့်သွင်းနိုင်ရေးအတွက် ပုံစံ ၄(ဂ) ပြင်ဆင်ခွင့်ပြုလုပ်နေရတယ်လို့ ဇေယျာသီရိခရိုင် အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“စစ်တပ်က ရွေးကောက်ပွဲသာလုပ်ချင်တာပဲသိတာ။ မဲစာရင်းတောင် မှန်အောင်မလုပ်နိုင်ဘူး။ ၂၀၁၅ က သေသွားလူတွေက ပြန်ရှင်ပြီး မဲစာရင်းမှာပါနေတာ။ အဲဒီတော့ ရပ်ကွက်ထဲကလူတွေပြန်ခေါ်၊ မဲစာရင်းမှန်၊ မမှန် တိုက်ဆိုင်စစ်ဆေးရတယ်။ ဒါပေမယ့် ပြဿနာက မဲစာရင်းကို ဘယ်သူမှလာမကြည့်တော့ လုပ်ရတဲ့သူတွေ အခက်အခဲဖြစ်တာပေါ့” လို့ ပြောပါတယ်။

နေပြည်တော်တိုင်းအတွင်း ဥတ္တရခရိုင်မှာ ၂,၃၁၄ ယောက်၊ ဇေယျာသီရိခရိုင်မှာ ၃,၂၀၀ ကျော်၊ လယ်ဝေးခရိုင်မှာ ၄,၀၀၁ ယောက်၊ ပျဉ်းမနားခရိုင်မှာ ၂၈၆၇ ယောက်၊ စုစုပေါင်း ၁၂,၃၈၂ ယောက် မဲစာရင်းကွာဟနေတာလို့ သူက ဆက်ပြောပါတယ်။

ဒီလိုမဲစာရင်းတွေကွာဟနေတာကြောင့် ပုဗ္ဗသီရိမြို့နယ်က ဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ဘူးလက်လှဆွေက အောက်တိုဘာ ၅ ရက်မှာ လူမှုကွန်ရက်ကနေ Live လွှင့်ပြောဆိုခဲ့ပါသေးတယ်။

စစ်အုပ်စုခန့် UEC က မဲစာရင်းကြည့်ရှုနိုင်မယ့်ရက်ကို အောက်တိုဘာ ၁၄ ရက်အထိ ထပ်တိုးထားပေမယ့် စိတ်ပါဝင်စားမှုမရှိတဲ့ပြည်သူတွေ လာမကြည့်တာကြောင့် Non CDM ဝန်ထမ်းတွေလည်း အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။

စစ်တပ်ဦးဆောင်လုပ်တဲ့ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ ပထမပိုင်း စလုပ်မယ်လို့ ကြေညာထားပြီး ၅၇ ပါတီက ကိုယ်စားလှယ် ၅,၀၀၀ ကျော် ပြိုင်မယ့်အထဲမှာ ကြံ့ခိုင်ရေးပါတီက အများဆုံးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013