
အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီမှာ မဲစာရင်း ပြုပြင်ပြောင်းလဲမှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အောက်တိုဘာ ၃ ရက်မှာ ဒုတိယမြောက်နေ့အဖြစ် ဆက်ဖြစ်ပွားခဲ့ရာမှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
ဒီဆန္ဒပြပွဲတွေကို Gen Zလို့ခေါ်တဲ့ (မျိုးဆက်သစ်လူငယ်တွေ) ဦးဆောင်တဲ့ ပိုးဟပ် ဂျန်ဒါပါတီနဲ့ တခြားအတိုက်အခံအဖွဲ့တွေက ထောက်ခံအားပေးထားပါတယ်။
ဒီပြုပြင်ပြောင်းလဲမှုတွေဟာ ဝန်ကြီးချုပ်မိုဒီရဲ့ အာဏာရပါတီကို အကျိုးဖြစ်ထွန်းစေတယ်လို့ ဆန္ဒပြသူတွေက ပြောခဲ့ကြပြီး အိန္ဒိယ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ ဂျာနက်ရှ်ကုမာရ် ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အခု ဆန္ဒပြပွဲဟာ အခုနှစ်အတွင်း ပေါ်ပေါက်လာခဲ့တဲ့ လူငယ်ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေထဲက နောက်ဆုံး ဖြစ်စဉ် တခုဖြစ်ပြီး၊ မိုဒီရဲ့ ၁၂ နှစ်တာ အာဏာသက်တမ်းအတွင်း မကြုံဖူးလောက်အောင် ဖိအားတွေ ဖြစ်စေခဲ့ပါတယ်။
စနေနေ့မှာ ဆန္ဒပြသူ အယောက် ၁၀၀ လောက်က လုံခြုံရေးအတားအဆီးတွေကို ဖယ်ရှားခဲ့ကြပြီး “မဲခိုးသူ ရာထူးကထွက်သွား” ၊ “ဂျာနက်ရှ် ကုမာရ် ရာထူးကဆင်းပေး” လို့ ကြွေးကြော်ခဲ့ကြပါတယ်။
အဲဒီနောက် ရဲတပ်ဖွဲ့က ဆန္ဒပြသူတချို့ကို အတင်းအကျပ် ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ တသီးပုဂ္ဂလ လွှတ်တော်အမတ် ကပီးလ်ဆီဘယ်နဲ့ လက်ဝဲယိမ်း အိန္ဒိယကျောင်းသားများအသင်း ဥက္ကဋ္ဌ နေဟာ ဘိုရာတို့လည်း ဆန္ဒပြသူတွေ အကြားမှာ ပါဝင်ခဲ့ကြပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူတွေရဲ့ အရေအတွက်နဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
Source: Reuters










