DVB Logo
Home
နိုင်ငံတကာ
ပီရူးအမျိုးသမီးသမ္မတကို လွှတ်တော်က ဖြုတ်ချပြီး အသက်ငယ်ဆုံးသမ္မတသစ် တင်မြှောက်
DVB
·
October 10, 2025
ပီရူးအမျိုးသမီးသမ္မတကို လွှတ်တော်က ဖြုတ်ချပြီး အသက်ငယ်ဆုံးသမ္မတသစ် တင်မြှောက်
Donate to DVB

ကမ္ဘာ့လူကြိုက်အနည်းဆုံး ခေါင်းဆောင်တယောက်ဖြစ်တဲ့ ပီရူး အမျိုးသမီးသမ္မတ ဒီနာ ဘိုလွာတေးကို ကိုယ်ကျင့်တရားပျက်ယွင်းမှု စွဲချက်နဲ့ လွှတ်တော်က တခဲနက် ဖြုတ်ချလိုက်ပါတယ်။

လွှတ်တော်မှာ လာရောက်ရှင်းလင်းဖို့ ဆင့်ခေါ်ခဲ့ပေမဲ့ ရောက်မလာခဲ့တာကြောင့် နာရီပိုင်းအတွင်းမှာပဲ ဖြုတ်ချခဲ့တာဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဟိုဆေး ဟာရီကို သမ္မတသစ်အဖြစ် တင်မြှောက်ခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် ဟာရီဟာ လက်ရှိ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ ၇ ယောက်မြောက် အသက်အငယ်ဆုံးခေါင်းဆောင် ဖြစ်လာပါတယ်။

ကွန်ဆာဗေးတစ်ဝါဒီ ဆိုမော့စ်ပီရူးပါတီက ဟာရီဟာ ဇူလိုင်လကမှ လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာတာဖြစ်ပြီး ပီရူးနိုင်ငံရဲ့ ၉ နှစ်အတွင်း ၇ ယောက်မြောက် သမ္မတအဖြစ် တင်မြှောက်ခံရတာ ဖြစ်ပါတယ်။

သမ္မတသစ် ဟာရီက  တိုင်းပြည်ရဲ့ လုံခြုံရေးပြဿနာကို အဓိကကိုင်တွယ်ပြီး ရာဇဝတ်မှုတွေကို စစ်ကြေညာရမယ်လို့ ကတိပြုခဲ့ပါတယ်။

အသက် ၆၃ နှစ်အရွယ် ဘိုလွာတေးဟာ အဂတိလိုက်စားမှုစွဲချက်တွေ၊ ဆန္ဒပြမှုတွေအပေါ် ပြင်းပြင်းထန်ထန် နှိမ်နင်းမှုတွေကြောင့် လူထုထောက်ခံမှု ၂ ကနေ ၄ ရာခိုင်နှုန်းပဲ ရှိခဲ့တယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

မကြေညာထားတဲ့ ပိုင်ဆိုင်မှုတွေနဲ့ ရိုးလက်စ်နာရီတွေ အရှုပ်တော်ပုံကြောင့် ပိုနာမည်ပျက်ခဲ့ရသလို ဇူလိုင်လထဲမှာ ကိုယ့်ကိုယ်ကိုယ် လစာ နှစ်ဆတိုးပေးတဲ့ကိစ္စကလည်း ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013