DVB Logo
Home
အားကစား
ခရစ္စတီယာနို ရော်နယ်ဒို ဘီလီယံနာအဆင့် ကြွယ်ဝသည့် ပထမဆုံး ဘောလုံးသမားဖြစ်လာ
DVB
·
October 9, 2025
ခရစ္စတီယာနို ရော်နယ်ဒို ဘီလီယံနာအဆင့် ကြွယ်ဝသည့် ပထမဆုံး ဘောလုံးသမားဖြစ်လာ
Donate to DVB

ဘလွန်းဘာ့ဂ် ဘီလီယံနာညွှန်းကိန်းရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုဟာ ခန့်မှန်းခြေ အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံအထိ ရှိပြီး ဒါဟာ ဘီလီယံနာအဆင့်ကြွယ်ဝတဲ့ ပထမဆုံးသော ဘောလုံးကစားသမား ဖြစ်လာပါတယ်။

အသက် ၄၀ နှစ်ရှိပြီဖြစ်တဲ့ ဒီတိုက်စစ်မှူးဟာ ငွေကြေးအရ တိုးတက်လာမှုမှာ ဆော်ဒီအာရေဗျကလပ် အယ်လ်-နာဆာနဲ့ ဇွန်လမှာ ချုပ်ဆိုခဲ့တဲ့ စာချုပ်သစ်ကြောင့်ဖြစ်ပြီး၊ အဲဒီစာချုပ်ရဲ့တန်ဖိုးမှာ ဒေါ်လာ သန်း ၄၀၀ ကျော်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။

ဘလွန်းဘာ့ဂ်ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ ၂၀၀၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း လစာငွေ သီးသန့် ဒေါ်လာ သန်း ၅၅၀ ကျော် ရရှိခဲ့ပါတယ်။ 

တနှစ်ကို ဒေါ်လာ ၁၈ သန်းနီးပါးတန်ဖိုးရှိတဲ့ Nike နဲ့ ဆယ်စုနှစ်ကြာ စာချုပ်အပြင် Armani၊ Castrol အပါအဝင် အခြားသော အကျိုးအမြတ်များတဲ့ ကြော်ငြာစာချုပ်တွေကလည်း သူ့ရဲ့စုစုပေါင်းကြွယ်ဝမှုကို ဒေါ်လာ ၁၇၅ သန်းကျော် ဖြည့်ဆည်းပေးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကနေ အယ်လ်-နာဆာကို ရော်နယ်ဒို ပြောင်းရွှေ့ခဲ့တာက သူ့ကို ဘောလုံးသမိုင်းတလျှောက်မှာ လစာအများဆုံးရရှိတဲ့ ကစားသမား ဖြစ်စေခဲ့ပါတယ်။

သူ့ရဲ့ တနှစ်တာ လုပ်လစာ ပေါင် ၁၇၇ သန်း (ဒေါ်လာ ၂၃၇ ဒသမ ၅၂ သန်း) ရှိပြီး၊ ဘောနပ်စ်တွေအပြင် ဆော်ဒီကလပ်အသင်းရဲ့ ၁၅ ရာခိုင်နှုန်း ရှယ်ယာလည်း ပါဝင်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ တိုက်စစ်မှူး လီယွန်နယ်မက်ဆီကတော့ ကစားသမားဘဝတလျှောက် အခွန်မဆောင်မီ လစာငွေ ဒေါ်လာ သန်း ၆၀၀ ကျော် ရရှိထားပါတယ်။

ရော်နယ်ဒို ဘီလီယံနာအဆင့် ရောက်ရှိလာတာကြောင့် သူဟာ ဘတ်စကက်ဘော ကစားသမားကြီးတွေဖြစ်တဲ့ မိုက်ကယ် ဂျော်ဒန်၊ မက်ဂျစ်ဂျွန်ဆင်နဲ့ လေဘရွန်ဂျိမ်းစ်၊ ဂေါက်သီးရိုက်သမား တိုက်ဂါးဝုဒ်နဲ့ တင်းနစ်ကစားသမား ရော်ဂျာ ဖက်ဒရာတို့ ပါဝင်တဲ့ ဘီလီယံနာအဆင့် ကြွယ်ဝတဲ့ ရှားရှားပါးပါး အားကစားသမားအုပ်စုထဲမှာ ပါဝင်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013