DVB Logo
Home
နိုင်ငံတကာ
အမေရိကန်သံရုံးကို တိုက်ခိုက်ရန် စီစဉ်သူများ အမေရိကန်တွင် ရှိနေဟု ဗင်နီဇွဲလား ပြော
DVB
·
October 8, 2025
အမေရိကန်သံရုံးကို တိုက်ခိုက်ရန် စီစဉ်သူများ အမေရိကန်တွင် ရှိနေဟု ဗင်နီဇွဲလား ပြော
Donate to DVB

ဗင်နီဇွဲလားနိုင်ငံမြို့တော် ကရာကာ့စ်မှာရှိတဲ့ အမေရိကန်သံရုံးကို တိုက်ခိုက်ဖို့ စီစဉ်သူတွေဟာ အမေရိကန်မှာ ရှိနေပြီး သူတို့ရဲ့ အထောက်အထားတွေကို ထရမ့်ပ် အစိုးရက သိရှိထားပြီလို့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုက အောက်တိုဘာ ၇ ရက် ရုပ်မြင်သံကြား ထုတ်လွှင့်မှုအတွင်း ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလားဒေသခံ လက်ယာဝါဒီ အစွန်းရောက်သမား အဖွဲ့ငယ်တခုက ကရာကာ့စ်ရှိ အမေရိကန်သံရုံးမှာ ဖောက်ခွဲရေးပစ္စည်းတွေထောင်ဖို့ စစ်ဆင်ရေးအတုအယောင် လုပ်ဆောင်မယ့် အစီအစဉ်ကို သူ့အစိုးရက ဝါရှင်တန်ကို သတိပေးထားတယ်လို့ အောက်တိုဘာ ၆ ရက်မှာ သမ္မတ မာဒူရိုက ပြောပါတယ်။

ပြည်တွင်းက တခု၊ ပြည်ပက တခု ယုံကြည်ရတဲ့ သတင်းရင်းမြစ် ၂ ခုတို့က တိုက်ခိုက်မှု ဖြစ်နိုင်ကြောင်း အစိုးရကို အကြောင်းကြားလာခဲ့ပြီး သံရုံးကိုအားဖြည့်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို စေလွှတ်ခဲ့တယ်လို့ သမ္မတ  မာဒူရိုက တနင်္လာနေ့နှောင်းပိုင်း ရုပ်မြင်သံကြားအင်တာဗျူးတခုမှာ ပြောကြားခဲ့ပါတယ်။

အင်္ဂါနေ့က သူ့ရဲ့ အသံလွှင့်မိန့်ခွန်းမှာတော့ မာဒူရိုက သံသယရှိသူတွေ အမည်တွေ၊ မျိုးရိုးအမည်တွေနဲ့ သူတို့ရဲ့ တည်နေရာတွေဟာ တနင်္လာနေ့ မွန်းလွဲပိုင်းကတည်းက အမေရိကန်အစိုးရ လက်ထဲမှာ ရှိနေပြီဖြစ်ကြောင်း ပြောဆိုပါတယ်။

ဗင်နီဇွဲလားသမ္မတဟာ အမေရိကန်နဲ့ သံတမန်ဆက်ဆံရေးရဲ့ အရေးပါမှုကိုလည်း ပယ်ချခဲ့ပါတယ်။

မာဒူရိုက “အမေရိကန်က ဗင်နီဇွဲလားနဲ့ သံတမန်ဆက်ဆံရေး မရှိဘူး။ သံတမန်လမ်းကြောင်းတွေလည်း မရှိဘူး။ ဘာမှလည်း မဆိုင်ဘူး ဆိုပြီး သတင်းလာပို့နေတယ်။ ဗင်နီဇွဲလားကလည်း အမေရိကန်ပေါ်မှာ မူတည်နေတာ မဟုတ်ဘူး။ ကိုယ်ပိုင်ကြိုးစားမှု၊ ကိုယ်ပိုင်မျိုးချစ်စိတ်၊ ကိုယ့်ပြည်သူ ကိုယ့်လူမျိုးပေါ်မှာ မူတည်နေတာ” လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗင်နီဇွဲလားနဲ့ သံတမန်ရေးအရ သဘောတူညီချက်ရရှိဖို့ ကြိုးပမ်းမှုတွေကို ဖြတ်ချလိုက်ပြီး ဆက်ဆံရေးလုပ်ငန်း အားလုံးကိုလည်း ရပ်ဆိုင်းလိုက်ဖို့ သူ့ရဲ့ အထူးကိုယ်စားလှယ် ရစ်ချတ် ဂရန်းနဲလ်ကို ပြောကြားခဲ့ပြီးနောက်မှာ ဒီမှတ်ချက် ထွက်လာတာလို့ အမေရိကန် အကြီးတန်းအရာရှိတယောက်က တနင်္လာနေ့မှာ ပြောပါတယ်။

ဇန်နဝါရီမှာ အိမ်ဖြူတော်ကို ထရမ့်ပ် ပြန်ရောက်လာကတည်းက ဝါရှင်တန်နဲ့ ကရာကာ့စ်တို့ကြား တင်းမာမှုတွေ ပြင်းထန်လာတာပါ။

ဗင်နီဇွဲလားနိုင်ငံအတွင်း မူးယစ်ဆေးဝါးတွေ ထုတ်လုပ်နေကြောင်း အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို သမ္မတ နီကိုလပ်စ် မာဒူရိုက ငြင်းဆိုထားပြီး အမေရိကန်ဟာ သူ့ကို အာဏာဖယ်ရှားဖို့ မျှော်လင့်နေတယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013