DVB Logo
Home
အားကစား
ခရစ္စမတ်မတိုင်ခင် နည်းပြအာမိုရင် ထုတ်ပယ်ခံရနိုင်ဟု ကာရေဂါ သုံးသပ်
DVB
·
October 8, 2025
ခရစ္စမတ်မတိုင်ခင် နည်းပြအာမိုရင် ထုတ်ပယ်ခံရနိုင်ဟု ကာရေဂါ သုံးသပ်
Donate to DVB

လာမယ့် ခရစ္စမတ်ကာလမတိုင်ခင် မန်ယူနည်းပြအာမိုရင် ထုတ်ပယ်ခံရနိုင်ကြောင်း အင်္ဂလန်နဲ့ လီဗာပူး နောက်ခံလူဟောင်း ဂျေမီကာရေဂါက သုံးသပ်သွားပါတယ်။ 

ပေါလ်စခိုးစ်နဲ့ တင်ဆက်ခဲ့တဲ့ The Overlap fan Debate အစီအစဉ်မှာ နည်းပြအာမိုရင် ထုတ်ပယ်ခံရနိုင်တဲ့အကြောင်း ကာရေဂါက သုံးသပ်သွားတာပါ။

နည်းပြတယောက် ထုတ်ပယ်ခံရသင့်တယ်လို့ မှတ်ချက်ပေးလိုခြင်းမရှိဘဲ ဒါမျိုးက မလေးမစားလုပ်ရာ ရောက်ပေမဲ့ နည်းပြအာမိုရင်ရဲ့ အနာဂတ်က ကြာရှည်စွာ ရပ်တည်နိုင်မှာမဟုတ်ကြောင်း ကာရေဂါက ပြောပါတယ်။

မန်ယူနိုက်တက် နည်းပြတယောက်အဖြစ် နည်းပြအာမိုရဲ့ မှတ်တမ်းတွေက မယုံနိုင်စရာကောင်းအောင် ဆိုးရွားလှပြီး ပွဲ ၅၀ တာဝန်ယူခဲ့တာမှာ ပေးဂိုးထက်  ရဂိုးက ၂ ဂိုးသာ ပိုများခဲ့ကြောင်း ကာရေဂါက ပြောပါတယ်။ 

ပေါလ်စခိုးစ်ကလည်း ကာရေဂါရဲ့ သုံးသပ်ချက်ကို ထောက်ခံခဲ့ပြီး နည်းပြအာမိုရင်ကို ယူနိုက်တက်ဘက်က အချိန်လုံလောက်စွာပေးခဲ့ပြီးဖြစ်ကြောင်း မှတ်ချက်ပေးသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013