DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း၌ ကျပ်သန်းပေါင်း ၂ သိန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
October 8, 2025
ရန်ကုန်တိုင်း၌ ကျပ်သန်းပေါင်း ၂ သိန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

ရခိုင်ပြည်နယ်နဲ့ မလေးရှားကိုပို့မယ့် မူးယစ်ဆေး ကျပ်သန်း ၂ သိန်းဖိုးလောက် ဖမ်းမိတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဌာနက အောက်တိုဘာ ၇ ရက် ညမှာ ထုတ်ပြန်ပါတယ်။

သတင်းပေးပို့ချက်အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်မှာ ရှမ်းပြည်နယ်က မူးယစ်ဆေးဝါးတွေကို ရန်ကုန်ကတဆင့် ရခိုင်ပြည်နယ်နဲ့ မလေးရှားနိုင်ငံကိုပို့မယ်လို့ သိရတာကြောင့် ပိတ်ဆို့ရှာဖွေ စစ်ဆေးတာမှာ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ လှည်းကူးမြို့နယ်၊ လှည်းကူး-ဖောင်ကြီးလမ်းမပေါ်မှာ ယာဉ်မောင်း အောင်ခန့်ကျော်နဲ့ ယာဉ်နောက်လိုက် ထက်ဝေဖြိုး တို့ကို သူတို့မောင်းနှင်လာတဲ့ NISSAN CONDOR ကားပေါ်က အိုက်စ် ၁,၄၃၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ်သန်း ၃၅,၉၇၀ လောက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ထွက်ဆိုချက်အရ ကားကို ငှားရမ်းချိတ်ဆက်ပေးတဲ့  ဇော်ဝင်းထွန်းနဲ့ ဆန်းထွန်းကျော်  တို့ကို စက်တင်ဘာ ၂၅ ရက်က ရွှေပြည်သာမြို့နယ်၊ ဒညင်းကုန်းလမ်းဆုံနားမှာ၊ အိမ်မှာ မူးယစ်ဆေးတွေ သိမ်းဆည်းပေးသူ ဇော်လင်း နဲ့ စောဇင်မင်းဟန် တို့ကို ထန်းတပင်မြို့နယ်၊ စည်ပင်သာကျေးရွာက အိမ်မှာ အိုက်စ် ၁,၉၉၉ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် သန်း ၄၉,၉၇၀ လောက်နဲ့အတူ ထပ်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေကို သုံးခွမြို့နယ်၊ သမ္မစိတ္တကမ်းခြေကနေ မလေးရှားနိုင်ငံကို ပို့မယ်လို့သိရတာကြောင့် စက်တင်ဘာ ၂၇ ရက်မှာ သမစိတ္တရွာနားက နေအိမ်ဂိုဒေါင်မှာ ဂိုဒေါင်ပိုင်ရှင်ဖြစ်သူ‌ ကျော်နိုင် နဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ပေးခဲ့တဲ့ ယာဉ်မောင်း ယာဉ်မောင်း အကူတွေဖြစ်တဲ့ သက်ပိုင်ဦး၊ ရဲကို၊ ဟိန်းထက်စိုး၊ ထက်နေလင်း၊ ဇင်မင်းလှိုင်၊ ဝေဖြိုးအောင်တို့ကို ကတ်တမင်း ၂၁၉၈ ကီလိုဂရမ်၊ တန်ဖိုးငွေကျပ် သန်း ၁၀၉,၉၀၀ လောက်နဲ့  MITSUBISHI FUSO ၁ စီး၊  NISSAN VANETTE ၁ စီး၊ HYUNDAI PORTER ၁ စီးတို့နဲ့အတူ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြပါတယ်။

ပြီးတော့ ယာဉ်မောင်းတွေကို ချိတ်ဆက်ပေးတဲ့ စိုးမင်းပိုင်ကို စက်တင်ဘာ ၂၈ ရက်က လှိုင်သာယာမြို့နယ်၊ ရေဉက္ကံရွာမှာ၊  မူးယစ်ဆေးတွေ သိမ်းဆည်းပေးတဲ့ ခင်မောင်တွတ်ကို လှိုင်သာယာမှာ၊  တင့်နိုင်ထွန်း ကို စက်တင်ဘာ ၂၉ ရက်က တွံတေးမြို့နယ်၊ ဘုရားငူရွာမှာ ထပ်ဖမ်းမိလို့ ဖြစ်စဉ်မှာ ဖမ်းဆီးရမိသူ ၁၆ ယောက်၊ ကား ၄ စီး၊ အိုက်စ် ၃,၄၃၈ ကီလိုဂရမ်၊ ကတ်တမင်း ၂,၁၉၈ ကီလိုဂရမ်၊ စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုးငွေကျပ် သန်း ၁၉၅,၈၅၀ လောက် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ကာလိမြို့နေ စိုင်းနော်ခမ်း(ခ)ကိုစိုင်း က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းဒေသကနေ မူးယစ်ဆေးဝါးတွေကို ရမည်းသင်းမြို့ကို ပို့ပေးခဲ့ပြီး အဲဒီနေ ရခိုင်ပြည်နယ်နဲ့ မလေးရှားကို ပို့မယ်လို့ သိရကြောင်းလည်း ထုတ်ပြန်ပြီး ရဲဇော်၊ ချစ်မင်းနဲ့ စိုင်းနော်ခမ်းကိုတော့ ဖမ်းမမိသေးဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းရွာမှာလည်း အောက်တိုဘာ ၄ ရက်က လူ ၇ ယောက်နဲ့အတူ အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလို ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၆၅၆ ဖိုးလောက် ဖမ်းမိခဲ့တယ်လို့လည်း အောက်တိုဘာ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013