DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလားက ရောင်စုံဆေးခြယ် “လိပ်အပြေးပြိုင်ပွဲ”
DVB
·
October 7, 2025
ဗင်နီဇွဲလားက ရောင်စုံဆေးခြယ် “လိပ်အပြေးပြိုင်ပွဲ”
Donate to DVB

ဗင်နီဇွဲလားနိုင်ငံ၊ အရာဂူအာပြည်နယ်၊ ဆန်ဖရန်စစ္စကိုရှိ ဒီ အစစ် ဘုရားကျောင်းရှေ့မှာ သူတော်စင် စိန့်ဖရန်စစ်ရဲ့ အထိမ်းအမှတ်နေ့အဖြစ် ရောင်စုံဆေးခြယ်ထားတဲ့ ကုန်းလိပ်အပြေးပြိုင်ပွဲကို ကျင်းပခဲ့ပါတယ်။

အောက်တိုဘာ ၄ ရက်နေ့မှာ ကျရောက်တဲ့ Saint Francis of Assisi အကြိုအဖြစ် အောက်တိုဘာ ၃ ရက်နေ့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာ ဝင်ပြိုင်တဲ့အကောင်ရေ လိပ်အကောင် ၈၀ အထိရှိပြီး  မကြာသေးမီနှစ်တွေထဲမှာ အရေအတွက် အများဆုံးလည်း ဖြစ်ပါတယ်။

ဘုရားကျောင်းအပြင်ဘက်မှာ ကလေးတွေရော လူကြီးတွေပါ စုရုံးပြီး သူတို့ရဲ့လိပ်တွေကို ပန်းတိုင်ရောက်အောင် ဆလတ်ရွက်တွေနဲ့ မျှားခေါ်ကာ အားပေးခဲ့ကြပါတယ်။

ဒီပြိုင်ပွဲမှာ ပထမဆုံးအကြိမ်ဝင်ပြိုင်တဲ့ အသက် ၂၀ အရွယ် “ရောဘတ်တို” အမည်ရ ကုန်းလိပ်က ပထမဆု ရရှိသွားပါတယ်။

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဒီလိပ်အပြေးပြိုင်ပွဲဟာ ဒေသရဲ့ အထင်ရှားဆုံးနဲ့ အမှတ်သင်္ကေတအဖြစ်ဆုံး ပွဲတော်တခု ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013