
ဂျပန်အာဏာရပါတီက ကွန်ဆာဗေးတစ် အမျိုးသားရေးစိတ်ဓာတ်ရှိသူ ဆာနဲတာကာအိချိကို ပါတီခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။
အဲ့တာကြောင့် ဆာနဲတာကီချီကိုဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမယ့် လမ်းကြောင်းပေါ်ရောက်လာပြီ ဖြစ်ပါတယ်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ အသက် ၆၄ နှစ်အရွယ်ရှိ တာကာအိချိကို ရွေးချယ်ခဲ့တာက ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဒေါသထွက်နေတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်ရဖို့နဲ့ နိုင်ငံခြားသားအရေး ဖိနှိပ်ဖို့၊ စီးပွားရေးပြန်ကောင်းဖို့ ကတိပြုတဲ့အတိုက်အခံတွေကို အနိုင်ရဖို့ပဲဖြစ်ပါတယ်။
ဝန်ကြီးချုပ် အီရှီဘနေရာမှာ အစားထိုးမယ့် ပါလီမန်လွှတ်တော်မှာ မဲပေးမှုကို အောက်တိုဘာ ၁၅ ရက်နေ့ ပြုလုပ်သွားမှာပါ။
LDP ပါတီဟာ လွှတ်တော်မှာလည်း နေရာအများဆုံးရရှိထားပြီး စစ်ပြီးခေတ်ကာလတွေမှာ ဂျပန်နိုင်ငံမှာ လွှမ်းမိုးထားတဲ့ ပါတီဖြစ်တာကြောင့် ပါတီခေါင်းဆောင်သစ်ဟာ အီရှီဘရဲ့နေရာကို ဆက်ခံမယ့် ပုံပေါ်ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က လွှတ်တော် ၂ ရပ်လုံးမှာ LDP ပါတီနဲ့ မဟာမိတ်တွေဟာ အီရှီဘရဲ့ ခေါင်းဆောင်မှုအောက်မှာ ရှုံးနိမ့်ခဲ့ဖူးတာကြောင့် သေချာမှုတော့မရှိသေးဘူးလို့ ရိုက်တာက ဖော်ပြပါတယ်။
တာကာအိချိဟာ LDP ပါတီခေါင်းဆောင်အဖြစ် ဝင်ရွေးခံတဲ့အထဲမှာ တဦးတည်းသော အမျိုးသမီး ဖြစ်ပြီး ခေတ်သစ် အသက်အငယ်ဆုံး ခေါင်းဆောင်ဆောင်ဖြစ်တဲ့ အသက် ၄၄ နှစ်အရွယ် ရှီဂျီရိုကိုင်ဇူမီကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
Source:Reuters











