DVB Logo
Home
အားကစား
ကြိုးဝိုင်းကို နိုင်ပွဲဖြင့် နှုတ်ဆက်သွားသည့် အောင်လအန်ဆန်း
DVB
·
October 4, 2025
ကြိုးဝိုင်းကို နိုင်ပွဲဖြင့် နှုတ်ဆက်သွားသည့် အောင်လအန်ဆန်း
Donate to DVB

မြန်မာစပါးအုံးလို့ တင်စားခေါ်ဝေါ်ခဲ့ရတဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံ MMA ကစားသမား အောင်လအန်ဆန်းဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲကို နိုင်ပွဲရယူပြီး နှုတ်ဆက်သွားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အောက်တိုဘာ ၄ ရက် ဒီနေ့ မနက် ထိုးသတ်ခဲ့တဲ့ ONE Championship ပွဲမှာ အောင်လက ဆွီဒင်ကစားသမား ကာဒက်စ်တန်ကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရသွားတာပါ။

ဒုတိယအချီ ၂ မိနစ်ကျော်မှာ အောင်လက လက်သီးတွေ တရစပ်ပစ်သွင်းပြီး ပြိုင်ဘက်ကို ထိုင်ကျသွားအောင် ထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

ONE Championship ရဲ့ မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချံပီယံဟောင်း အောင်လအန်ဆန်းဟာ ONE Championship ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတွေမှာ ပွဲ ၂၀ ထိုးသတ်ခဲ့တာမှာ ၁၅ ပွဲနိုင်ပြီး ၅ ပွဲရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီနေ့ နိုင်ပွဲကြောင့် ONE Championship က အောင်လကို ဆုကြေးငွေ ဒေါ်လာ ၅၀,၀၀၀  ထပ်ဆောင်း ပေးခဲ့ပါတယ်။

ကချင်လက်ဝှေ့ကျော် အောင်လအန်ဆန်းဟာ ဒီနေ့ နောက်ဆုံးနှုတ်ဆက်ပွဲ ယှဉ်ပြိုင်ထိုးသတ်ဖို့   အမဲလိုက်အက သီချင်းနဲ့ ပွဲထွက်လာတာမှာ ရော့ခ်အဆိုတော်ကြီး လေးဖြူ ကိုယ်တိုင် လာရောက် သီဆိုပေးခဲ့တာလည်း ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013