DVB Logo
Home
အားကစား
အောင်လအန်ဆန်းကို ဂုဏ်ထူးဆောင်ဖိုက်တာအဖြစ် Hall of Fame တွင် ထည့်သွင်းဂုဏ်ပြုမည် 
DVB
·
October 4, 2025
အောင်လအန်ဆန်းကို ဂုဏ်ထူးဆောင်ဖိုက်တာအဖြစ် Hall of Fame တွင် ထည့်သွင်းဂုဏ်ပြုမည် 
Donate to DVB

မြန်မာကိုယ်စားပြု ကချင်ဖိုက်တာကြီး အောင်လအန်ဆန်းဟာ One Championship ရဲ့ ဂုဏ်ထူး ဆောင်ခန်းမ (Hall of Fame) မှာ ထည့်သွင်းဂုဏ်ပြုခံရတဲ့ တတိယမြောက်ကစားသမားဖြစ်လာ ပါတယ်။

အောက်တိုဘာ ၄ ရက်ဒီနေ့မနက်က ထိုင်းနိုင်ငံမှာ ထိုးသတ်ခဲ့တဲ့ ဆွီဒင်ဖိုက်တာ ကာဒက်စ်တန်နဲ့ပွဲမှာ အလဲထိုးနဲ့ အနိုင်ရခဲ့ပြီးနောက်မှာ အောင်လကို ဂုဏ်ထူးဆောင်ခန်းမမှာ ထည့်သွင်းဂုဏ်ပြုမယ့် အကြောင်း One Championship ကကြေညာခဲ့တာပါ။

ဂုဏ်ထူးဆောင်အထိမ်းအမှတ်ဆုကို လာမယ့် နိုဝင်ဘာ ၁၆ ရက်၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပမယ့် ONE 173 မှာ ချီးမြှင့်ဂုဏ်ပြုသွားမှာပါ။

One ရဲ့ ဂုဏ်ထူးဆောင်ခန်းမမှာ ပထမဆုံးဂုဏ်ပြုခံရသူက အမေရိကန်ဖိုက်တာ ဒီမီထရော့စ် ဂျွန်ဆင်ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ အနားယူခဲ့ပြီးနောက် ဂုဏ်ထူးဆောင် ဂန္ထဝင်ကစားသမားအဖြစ် သတ်မှတ်ကြေညာခဲ့တာပါ။

အဲဒီနောက် ဘရာဇီးဖိုက်တာ ဗီဗီယာနိုဖာနန်ဒက်စ်ကိုလည်း ဂုဏ်ထူးဆောင်ကစားသမားအဖြစ် သတ်မှတ်ခဲ့ပြီး အောင်လအန်ဆန်းက တတိယမြောက် ဂုဏ်ပြုခံရတဲ့ ကစားသမားဖြစ်လာခဲ့တာပါ။

မစ်ဒယ်ဝိတ်နဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ချန်ပီယံဟောင်း အောင်လဟာ One မှာ ၁၀ နှစ်နီးပါး ဖြတ်သန်းခဲ့ပြီး စုစုပေါင်းပွဲ ၂၀ ထိုးသတ်ခဲ့ရာမှာ ၁၅ ပွဲနိုင်ပြီး ၅ ပွဲရှုံး နိမ့်ခဲ့ပါတယ်။ 

Photo: ONE Championship

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013