DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ဝေဖန်မှုကြောင့် အရေးယူခံရသူ ၆၄ ဦးရှိလာ 
DVB
·
October 4, 2025
စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ဝေဖန်မှုကြောင့် အရေးယူခံရသူ ၆၄ ဦးရှိလာ 
Donate to DVB

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေကို အရေးယူဖို့ပြန်ဋ္ဌာန်းထားတဲ့  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ခေါ် ရွေးကာ ဥပဒေအရ အရေးယူထားသူ ၆၄ ယောက်ရှိပြီလို့ စစ်ကောင်စီခန့် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ 

အောက်တိုဘာ ၃ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေးမှာ  ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောတာပါ။ 

အမှု ၂၄ မှုအတွက် လူပုဂ္ဂိုလ် ၆၄ ယောက်ကို အရေးယူထားတာလို့ သိရပါတယ်။ အာဏာသိမ်း စစ်တပ်က သူတို့လုပ်မယ့်ရွေးကောက်ပွဲကို ဝေဖန်ရုံနဲ့ ထောင်ချနိုင်တဲ့ ဥပဒေကို ဇူလိုင်ကုန်ပိုင်းမှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီဥပဒေအရ ရွေးကောက်ပွဲကို ဝေဖန်ရုံနဲ့ ထောင်ဒဏ် ၃ နှစ်က နေ ၇ နှစ်အထိ ချနိုင်သလို ရွေးကောက်ပွဲမှာ ပါဝင်နေတဲ့သူတယောက်ယောက် သေဆုံးအောင်လုပ်ရင်လည်း သေဒဏ်ထိ ချနိုင်တဲ့ ပြစ်ဒဏ်တွေ ပြဋ္ဌာန်းထားပါတယ်။

အဲဒီဥပဒေနဲ့ ရွေးကောက်ပွဲကို အွန်လိုင်းပေါ်မှာ ဝေဖန်တဲ့သူတွေကို ဖမ်းဆီးခဲ့သလို ရွေးကောက်ပွဲကို ဆန့်ကျင်တယ်လို့ ထုတ်ပြန်၊ ဟောပြောခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အာရက္ခတပ်တော် (AA)နဲ့ ချင်းပြည်ကောင်စီက ခေါင်းဆောင်တွေကိုလည်း စစ်တပ်က အမှုဖွင့်ထားပါတယ်။ 

အခုနှစ်ကုန်ပိုင်း ဒီဇင်ဘာလစတင်ကျင်းပမယ့် အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013