DVB Logo
Home
နိုင်ငံတကာ
နန်းတက်လျှင် ဘုရင်စနစ် ပြုပြင်ပြောင်းလဲမည်ဟု ဗြိတိသျှ အိမ်ရှေ့စံ ဝီလျံ ပြော
DVB
·
October 3, 2025
နန်းတက်လျှင် ဘုရင်စနစ် ပြုပြင်ပြောင်းလဲမည်ဟု ဗြိတိသျှ အိမ်ရှေ့စံ ဝီလျံ ပြော
Donate to DVB

ဗြိတိန်အိမ်ရှေ့စံ ဝေလမင်းသား ဝီလျံက သူနန်းတက်ပြီး ဘုရင်ဖြစ်လာတဲ့အခါ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲသွားမှာဖြစ်ကြောင်း အင်တာဗျူးတခုမှာ ပြောကြားလိုက်ပါတယ်။

Apple TV+ အစီအစဉ်တခုအတွက် သရုပ်ဆောင် ယူဂျင်းလဲဗီးနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း အခုလို ပြောခဲ့တာဖြစ်ပြီး ဒါဟာ မင်းသားဝီလျံရဲ့ အပွင့်လင်းဆုံး အင်တာဗျူးတခု ဖြစ်တယ်လို့ နန်းတော်အသိုင်းအဝိုင်းက ဆိုပါတယ်။

အင်တာဗျူးမှာ သူက “ပြုပြင်ပြောင်းလဲရေးဟာ ကျနော့်ရဲ့ အစီအစဉ်ထဲမှာ ရှိနေတယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး” လို့ တိုက်ရိုက်ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဒါဟာ အရမ်းကြီး အခြေခံကျကျ ပြောင်းလဲတာမျိုးမဟုတ်ဘဲ ဖြစ်ကိုဖြစ်သင့်တဲ့ ပြောင်းလဲမှုတွေကိုသာ ဆိုလိုတယ်လို့ အိမ်ရှေ့စံက ပြောပါတယ်။

အစဉ်အလာတွေကို လေးစားပေမဲ့ ဘုရင်စနစ်ကို ခေတ်နဲ့အညီ ဆီလျော်မှုရှိနေစေဖို့ မေးခွန်းထုတ်ရမှာကို မကြောက်ဘူးလို့လည်း သူကဆိုပါတယ်။

ဒါ့အပြင် ခမည်းတော် ချားစ်ဘုရင်နဲ့ ကြင်ယာတော် ကက်သရင်းတို့ ကင်ဆာရောဂါ ရင်ဆိုင်နေရချိန်မှာ မိသားစုအရေးက သူ့အပေါ် ဖိစီးနေခဲ့တယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

မိသားစုဝင်တွေ ကင်ဆာကို ရင်ဆိုင်ကျော်ဖြတ်ကြပုံအတွက် ဂုဏ်ယူမိကြောင်းလည်း အိမ်ရှေ့စံက ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013