DVB Logo
Home
မြန်မာသတင်း
မြန်မာအမျိုးသမီးများနှင့် လူနည်းစုများအရေး အခမ်းအနား နယူးယောက်တွင် ကျင်းပ (ဓာတ်ပုံ) 
DVB
·
October 2, 2025
မြန်မာအမျိုးသမီးများနှင့် လူနည်းစုများအရေး အခမ်းအနား နယူးယောက်တွင် ကျင်းပ (ဓာတ်ပုံ) 
1 / 21
Donate to DVB

"တော်လှန်ရေးကာလ မြန်မာအမျိုးသမီးတွေနဲ့ လူနည်းစုတွေရဲ့ သင့်မြတ်ညီညွတ်ခြင်းနဲ့ ခံနိုင်ရည်စွမ်းကိုထင်ဟပ်သောအသံများ (Resistance, Resilience and Solidarity: The Voices of women and minorities in Myanmar) လို့ အမည်ပေးထားတဲ့ အခမ်းအနားကို ဒေသစံတော်ချိန် အောက်တိုဘာ ၁ ရက်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပပါတယ်။

နယူးယောက်မြို့မှာကျင်းပတဲ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံအပြီးမှာ ဒီအစီအစဉ်ကို ကျင်းပခဲ့တာဖြစ်ပြီး စစ်ရေးပဋိပက္ခတွေကြားက မြန်မာအမျိုးသမီးတွေနဲ့ မျိုးနွယ်စုငယ်တွေရဲ့ အခက်အခဲကို နိုင်ငံတကာစာမျက်နှာမှာ ထပ်ဟပ်စေဖို့ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေနဲ့ လေကြောင်းကနေ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေတာတွေကို ကြုံတွေ့နေရပေမဲ့ မြန်မာပြည်သူတွေဟာ ကြံ့ကြံ့ခံတွန်းလှန်နေကြတယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အား၊ ခံနိုင်ရည်စွမ်းနဲ့ တော်လှန်ရေးအပေါ်ထားတဲ့မျှော်လင့်ချက်တွေကို နိုင်ငံတကာက ပိုပြီးသိနားလည်စေဖို့လည်း ရည်ရွယ်ခဲ့တာပါ။

ဒီအခမ်းအနားဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် တွန်းလှန်နေကြတဲ့ အမျိုးသမီးတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လိုလားတောင်းဆိုချက်တွေကို ကုလအဖွဲ့ဝင်နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့ အစည်းတွေနဲ့ နိုင်ငံတကာမူဝါဒရေးရာကျွမ်းကျင်သုံးသပ်သူတွေက ပိုပြီးအာရုံစိုက်လာဖို့၊ ထောက်ခံအားပေးမှုတွေ ပိုရလာဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

အခမ်းအနားမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် တွမ်အန်ဒရူး၊ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေအထူးကိုယ်စားလှယ် ဂျိစကဲလီလယ်ဟာမ်မီ၊ ICAN မှ အစီအစဉ်ညွှန်ကြားရေးမှူး ဟယ်လန်နာဂရွန်းဘတ်ဂ်နဲ့ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့  လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့လည်း တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားကို အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ Women Peace and Humanitarian Fund (WPHF) အဖွဲ့နဲ့ International Civil Society Action Network (ICAN) တို့က အဓိကပံ့ပိုးပေးခဲ့တာပါ။ 

ပူးပေါင်းစီစဉ်ပါဝင်ခဲ့တဲ့အဖွဲ့တွေထဲမှာ Burma Advocacy Group (BAG)၊  Gender Equality Network (GEN)၊  Global Justice Center (GJC)၊  Myanmar-WPS၊ နယူးယောက် မြန်မာအသိုက်အဝန်း New York City Burmese Community (NYCBC)၊ Women Advocacy Coalition- Myanmar (WAC-M)၊  အမျိုးသမီးငြိမ်းချမ်းရေးကွန်ရက် Women Peace Network (WPN)နဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)  (WLB) တို့ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013