DVB Logo
Home
မြန်မာသတင်း
နောင်တက်လာမည့် အစိုးရသစ်နှင့် ရဲတပ်ဖွဲ့ဝင်များ လက်တွဲလုပ်ဆောင်ရန် စစ်ခေါင်းဆောင်ပြော
DVB
·
October 2, 2025
နောင်တက်လာမည့် အစိုးရသစ်နှင့် ရဲတပ်ဖွဲ့ဝင်များ လက်တွဲလုပ်ဆောင်ရန် စစ်ခေါင်းဆောင်ပြော
Donate to DVB

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲပြီးရင် အာဏာလွှဲပေးမှာဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ နောက်တက်လာမယ့် အစိုးရသစ်နဲ့ လက်တွဲပြီး မှုခင်းတွေကို  ဖော်ထုတ်သွားဖို့ စစ်ခေါင်းဆောင်က ၆၁ နှစ်မြောက် ရဲတပ်ဖွဲ့နေ့ အခမ်းအနားမှာ ပြောပါတယ်။

အောက်တိုဘာ ၁ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ၆၁ နှစ်မြောက်ရဲတပ်ဖွဲ့နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

“ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒို့တာဝန်အရေးသုံးပါးနဲ့ နအလကောင်စီရဲ့ ဦးတည်ချက် ၄ ချက်ကို အလေးထားဆောင်ရွက်ရမှာဖြစ်ပြီး စစ်တပ်နဲ့ ပူးပေါင်းကာ လုံခြုံရေးကိစ္စတွေ ဆောင်ရွက်ခဲ့သလို စစ်တပ်က အာဏာလွှဲပေးလိုက်တဲ့ အခါမှာလည်း နောင်တက်လာမယ့် အစိုးရသစ်နဲ့ လက်တွဲပြီး မှုခင်းတွေဖော်ထုတ်ပါ”လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင်က စစ်တပ်နဲ့ပူးပေါင်းပြီး မှုခင်းတွေဖော်ထုတ်ဖို့ပြောနေပေမဲ့ အမှန်တကယ် မှုခင်းကျဆင်းရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို  စစ်တပ်အရာရှိတွေက နယ်ပြောင်းပစ်တယ် လို့ ရဲအရာရှိတယောက်က DVB ကို ပြောပါတယ်။

"ဘယ်အစိုးရတက်တက် ခံရတာ ရဲတွေချည်းပဲ။ တကယ်ဖမ်းတဲ့ရဲက အဲ့မြို့မှာ တာရှည်မခံဘူး။ လုပ်စားတဲ့ရဲတွေရယ်၊ ရဲအကြီးအကဲတွေကတိုင်တယ်၊ နယ်ပြောင်းပစ်တယ်၊ သူတို့နဲ့ ပေါင်းစားလို့ ရမယ့်သူတွေပဲထားတာ မြန်မာနိုင်ငံမှာ ၂၄ နာရီတာဝန်ထမ်းဆောက်ရတာ ရဲပဲရှိတယ်။ အမှန်တရားကိုမြတ်နိုးရင် မှုခင်းဖော်ထုတ်ချင်ရင် ရဲထဲဝင်လို့မရဘူး။ ကိုယ်ကျိုးရှာပြီး ပေါင်းစားတတ်မှ ရဲတပ်ဖွဲ့ထဲမှာ တာရှည်ခံတာ။”

ဒါ့အပြင် စစ်ကောင်စီလက်ထက် ၂၀၂၅ ခုနှစ် ၈ လတာကာလအတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး  စစ်တပ်နဲ့ ပူးပေါင်းကာ တရားခံ ၅၁၁၅ ယောက်ကို စုစုပေါင်းတန်ဖိုးငွေ ကျပ် ၉၇၇ ဘီလီယံကျော်ရှိတဲ့ မူးယစ်ဆေးဝါး၊ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလည်း ဂုဏ်ယူစရာဖြစ်တယ်လို့ ပြောပါတယ်။

မှုခင်းရဲတပ်ဖွဲ့ဝင်တယောက်က "မူယစ်ဆေးဝါးဖမ်းဆီးရေးမှာ စစ်တပ်က ပါလာတော့ ရဲက လုပ်ပိုင်ခွင့်မရှိတော့ဘူး။ သူတို့ဖမ်းချင်တဲ့ သူကိုဖမ်းတယ်။ သူတို့လွှတ်ပေးချင်ရင် လွှတ်ပေးတာ။ တကယ်သာမူးယစ်ဆေးဝါးကို စီမံချက်နဲ့ဖမ်း အကုန်မိတယ်။ တကယ်မလုပ်လို့ အခုချိန်ထိ တနိုင်ငံလုံးမူးယစ်ဆေးဝါးက ပျံ့နေတာ "လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့အတူ ရဲစခန်းတွေတိုက်ခိုက်ခံရပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရ သူများသလို စစ်ကူ၊ ပစ်ကူနဲ့ ထောက်ပံ့မှုမရလို့ ပြေးကြတဲ့အထဲမှာ ဒုရဲမှူးကြီးနဲ့ ရဲမှူးအပါအဝင် ရဲတပ်သားရာနဲ့ချီရှိတယ်လို့ ပေါက်ကြားလာတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013