DVB Logo
Home
နိုင်ငံတကာ
ဒေါ်လာ ဘီလီယံ ၅၀၀ ကျော် ကြွယ်ဝသည့် ပထမဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ် ဖြစ်လာ
DVB
·
October 2, 2025
ဒေါ်လာ ဘီလီယံ ၅၀၀ ကျော် ကြွယ်ဝသည့် ပထမဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ် ဖြစ်လာ
Donate to DVB

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ဟာ ကမ္ဘာ့သမိုင်းမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀ အထက် ကြွယ်ဝတဲ့ ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာပြီလို့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။

အောက်တိုဘာ ၁ ရက်မှာ သူ့ရဲ့ စုစုပေါင်းကြွယ်ဝမှုဟာ ဒေါ်လာ ၅၀၀ ဒသမ ၁ ဘီလီယံအထိ ရှိလာခဲ့တာပါ။

ဒီလိုကြွယ်ဝမှုတိုးလာတာဟာ Tesla ကုမ္ပဏီရှယ်ယာတွေ ပြန်တက်လာတာနဲ့ သူ့ရဲ့ တခြား နည်းပညာလုပ်ငန်းတွေဖြစ်တဲ့ SpaceX နဲ့ xAI တို့ရဲ့ တန်ဖိုးတွေ မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။

မတ်စ်ခ်ဟာ နိုင်ငံရေးမှာ ဝင်စွက်နေရာကနေ Tesla လုပ်ငန်းတွေကို ပြန်အာရုံစိုက်လာတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ပြန်ရလာပြီး ရှယ်ယာတန်ဖိုးတွေ တက်လာခဲ့တာပါ။

ပြီးခဲ့တဲ့လကပဲ Tesla ဘုတ်အဖွဲ့ဟာ မတ်စ်ခ်အတွက် ဒေါ်လာ ၁ ထရီလျံတန်ကြေးရှိတဲ့ ဆုကြေးအစီအစဉ်တခုကို အဆိုပြုခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ AI လုပ်ငန်းသစ်ဖြစ်တဲ့ xAI ဟာ ဇူလိုင်လမှာ ဒေါ်လာ ၇၅ ဘီလီယံ တန်ကြေးရှိခဲ့ပြီး အာကာသဒုံးပျံကုမ္ပဏီ SpaceX ကတော့ ဒေါ်လာ ဘီလီယံ ၄၀၀ လောက် တန်ဖိုးရှိလာခဲ့ပါတယ်။

အီလွန်မတ်စ်ခ်ပြီးရင် ဒုတိယအချမ်းသာဆုံးကတော့ Oracle ကို တည်ထောင်သူ လယ်ရီအယ်လီဆင် ဖြစ်ပြီး ဒေါ်လာ ၃၅၀ ဒသမ ၇ ဘီလီယံ ကြွယ်ဝတယ်လို့ အောက်တိုဘာ ၁ ရက်အထိ တွက်ချက်မှုတွေမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013