DVB Logo
Home
မြန်မာသတင်း
ရေကြည်တွင် စစ်တပ်က အရပ်သား ၁၁ ဦးကို PDF ထောက်ပို့ဟု စွပ်စွဲဖမ်းဆီး
DVB
·
October 1, 2025
ရေကြည်တွင် စစ်တပ်က အရပ်သား ၁၁ ဦးကို PDF ထောက်ပို့ဟု စွပ်စွဲဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်မှာ PDF  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် ရိက္ခာစုဆောင်းပို့ပေးနေတယ်လို့ စွပ်စွဲပြီး အရပ်သား ၁၁ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီ အဖမ်းခံရသူတွေဟာ ရေကြည်မြို့နယ်ထဲက ညောင်မှော်နဲ့ သောင်တန်းကျေးရွာက ဒေသခံအရပ်သား ၁၁ ယောက်ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ရဲတချို့ စုစုပေါင်း အင်အား ၁၂ ယောက်လောက်က စက်တင်ဘာ ၂၈ ရက်နဲ့  ၂၉ ရက်တွေမှာ အရပ်သားတွေရဲ့ နေအိမ်တွေမှာ လာပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူက “အားလုံး ၁၁ ယောက် အဖမ်းခံရတာ။ မိန်းကလေး ၂ ယောက် ပါတယ်။ PDF အတွက် ရိက္ခာဝယ်ယူစုဆောင်းပေးနေတာဆိုပြီး ဖမ်းတာ။ ရဲလည်းပါတယ်၊ တပ်လည်းပါတယ်” လို့ ပြောပါတယ်။

PDF တွေကို ရိက္ခာတွေ စုဆောင်းပို့ဆောင်ပေးနေတာလို့ စွပ်စွဲဖမ်းဆီးခံရတဲ့ အရပ်သား ၁၁ ယောက်ဟာ ဒီနေ့ အောက်တိုဘာ ၁ ရက်အထိ မလွတ်လာသေးသလို အဆက်အသွယ်လည်း မရသေးဘူးလို့ ဆိုပါတယ်။

ဖြစ်စဉ်ကိုသိသူတယောက်က “ကိုငွေစိုး အပါအဝင် ဒေသခံ ၁၁ ယောက်ကို ၂ ရက်ဆက် လာဖမ်းသွားတာ။ ရေကြည် အမြောက်တပ်ကို ဖမ်းသွားတယ်လည်း ကြားတယ်။ ရဲစခန်းကို ဖမ်းသွားတယ်လို့လည်း ကြားတယ်။ မိသားစုတွေက ရဲစခန်းဘက် သွားစုံစမ်းတော့ မဟုတ်ဘူး ဖြစ်နေတာ။ ဒီနေ့အထိ တယောက်မှ အဆက်အသွယ် မရသေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတွေက အဖမ်းခံရတဲ့ အရပ်သားတွေရဲ့ နေအိမ်တွေထဲကို ဝင်ရောက်ပြီး စစ်ဆေးတဲ့အချိန် ဒေသမငြိမ်းချမ်းတဲ့အတွက် စားသုံးဖို့ ဝယ်ယူစုဆောင်းထားတဲ့ ဆန်အပါအဝင် စားသောက်ကုန်တွေ တွေ့ရှိတာကို PDF တွေအတွက် ရိက္ခာစုဆောင်းပေးတာလို့ ခေါင်းစဉ်တပ် စွပ်စွဲဖမ်းခဲ့တာလို့ ဆိုပါတယ်။

ဒေသခံ အရပ်သားတွေကို PDF လို့ စွပ်စွဲဖမ်းဆီးဖို့ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့နယ်ခွဲ၊ ညောင်မှော်အုပ်စု အုပ်ချုပ်ရေးမှူး မင်းဇော်က သတင်းအမှားပေး ဖမ်းဆီးခိုင်းတာလို့ ဖြစ်စဉ်ကို သိရှိတဲ့သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013