DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုနှင့် ပူးပေါင်းသည့် ရင်းနှီးမြှုပ်နှံသူများအား ဖိအားပေးရန် နိုင်ငံတကာကို NUG တောင်းဆို 
DVB
·
October 1, 2025
စစ်အုပ်စုနှင့် ပူးပေါင်းသည့် ရင်းနှီးမြှုပ်နှံသူများအား ဖိအားပေးရန် နိုင်ငံတကာကို NUG တောင်းဆို 
Donate to DVB

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဖိအားပေးဖို့  အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁ ရက် ဒီနေ့ပြုလုပ်တဲ့  ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်းအစီအစဉ်ကတဆင့်  ဦးနေဘုန်းလတ်ဟာ အခုလို ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ အကျိုးတူ ပူးပေါင်းနေကြတဲ့ ကျင့်ဝတ်မဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ကုလသမဂ္ဂက လမ်းညွှန်ချမှတ်ထားတဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာအခြေခံမူတွေကို ချိုးဖောက်ပြီး အလုပ်သမားအခွင့်အရေး ဆောင်ရွက်နေကြတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို အမျိုးမျိုး ဖမ်းဆီး၊ နှိပ်စက်၊ တရားမဲ့ ထောင်ချနေတာတွေကို နိုင်ငံတကာက ပိုမိုဖိအားပေးကြဖို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ 

ဒါအပြင် စစ်အုပ်စုက ပြုလုပ်မယ့် အတုယောင် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာ ရွေးကောက်ပွဲ အကူအညီ‌ပေးရေးနဲ့ လေ့လာရေးအဖွဲ့တွေဖြစ်တဲ့ International IDEA ၊ လွတ်လပ်သော ရွေးကောက်ပွဲများဆိုင်ရာ အာရှကွန်ယက် (ANFREL) နဲ့ ကလပ်ဒီမတ်ဒရစ် အသင်း (Club de Madrid)တို့က နိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာ စံချိန် စံနှုန်းတွေကို ချိုးဖောက်နေပြီး တရားဥပဒေနဲ့ မညီတဲ့ အမည်ခံ အတုအယောင် ရွေးကောက်ပွဲ ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ကြေညာခဲ့တာကြောင့် ဒီအတုအယောင် ရွေးကောက်ပွဲကို ထောက်ခံအားပေးနေကြတဲ့ နိုင်ငံကြီးတွေနဲ့ လေ့လာမယ်ဆိုတဲ့ နိုင်ငံတွေအနေနဲ့ အထူးသတိပြုစေလိုတယ်လို့လည်း ဆိုပါတယ်။ 

နောက်ပြီး စစ်ကော်မရှင်ရဲ့ စစ်တပ်ဟာ အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းထားတဲ့သူတွေကို လူသားဒိုင်းအဖြစ် အသုံးချပြီး ရှေ့တန်းကနေ အသေခံခိုင်းနေတဲ့ အခြေအနေတွေကို မြင်တွေ့ရသလို လက်ရဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေထဲမှာ အသိစိတ်မဲ့နေတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူတွေ ပါဝင်နေတာကိုလည်း တွေ့မြင်ရတဲ့အတွက် စစ်မှုထမ်း စုဆောင်းမှုထဲ ပါဝင်သွားသူတွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေဆီ ပူးပေါင်းကြဖို့ကိုလည်း NUG ပြောခွင့်ရသူက တိုက်တွန်းခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013