
ဂျာမနီက ဘောလ်တစ်ဒေသကို ကာကွယ်ဖို့ အသင့်ရှိပြီး ရုရှားရဲ့ ခြိမ်းခြောက်မှုတွေကို စည်းစည်းလုံးလုံး၊ တာဝန်သိသိ တုံ့ပြန်မယ်လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီးက ဘောရစ် ပစ္စတိုးရီးယပ်စ်က (စက်တင်ဘာ ၂၉ ရက်) မှာ ပြောပါတယ်။
ရုရှားနိုင်ငံက နေတိုးအတွက် အထူးခြားဆုံးနဲ့ တိုက်ရိုက်ခြိမ်းခြောက်မှုအဖြစ်လည်း ဖော်ပြခဲ့ပါတယ်။
လစ်သူယေးနီးယားနိုင်ငံ ရူကလာမြို့က အမြဲတမ်း ထောက်ပံ့ပို့ဆောင်ရေး ဧရိယာ ဖွင့်လှစ်ခြင်း အခမ်းအနားမှာ လစ်သူယေးနီးယား အရာရှိနဲ့အတူ စကားပြောရာမှာ ပစ္စတိုးရီးယပ်စ်က ဂျာမနီဟာ တားဆီးမှု အားကောင်းစေဖို့ ကတိပြုထားပြီး ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းမှာ လစ်သူယေးနီးယားမှာ တာဝန်ထမ်းဆောင်ဖို့ တပ်ဖွဲ့ဝင် ၂,၀၀၀ လောက် ရှိတယ်လို့ ပြောခဲ့ပါတယ်။
လစ်သူယေးနီးယား လေပိုင်နက်ကို မကြာသေးမီက ရုရှား ချိုးဖောက်မှုတွေကြောင့် နေတိုးဟာ “လေတပ်ရဲ စခန်း” အဆင့်ကနေ “စစ်မှန်တဲ့ လေကြောင်းရန်ကာကွယ်ရေး” အဆင့်ကို ပြောင်းရွှေ့ရမယ်လို့ လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီး ဒိုဗိုင်း ဆာခဲလင်းက ပြောခဲ့ပါတယ်။
Source:Reuters










