DVB Logo
Home
အားကစား
ရှုံးပွဲများတွေ့နေသော်လည်း နည်းပြအာမိုရင်ကို ထုတ်ပယ်ရန် မန်ယူအသင်း အစီအစဉ်မရှိသေး
DVB
·
September 29, 2025
ရှုံးပွဲများတွေ့နေသော်လည်း နည်းပြအာမိုရင်ကို ထုတ်ပယ်ရန် မန်ယူအသင်း အစီအစဉ်မရှိသေး
Donate to DVB

မန်ယူနိုက်တက်အသင်းဟာ ရှုံးပွဲတွေ တွေ့နေပေမဲ့  နည်းပြချုပ် ရူဘင်အာမိုရင်ကို ထုတ်ပယ်သွားဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။

စက်တင်ဘာ ၂၇ ရက်က ဘရန့်ဖို့ဒ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် ၁၄ နေရာ ပြန်ရောက်သွားပြီး နည်းပြအာမိုရင်ရဲ့ အနာဂတ်က ပိုမိုလှုပ်ခတ်လာခဲ့တာပါ။

ဒါပေမဲ့ စက်တင်ဘာ ၂၈ ရက်အထိတော့ နည်းပြအာမိုရင်အပေါ် အသင်းဘုတ်အဖွဲ့ရဲ့ ထောက်ခံအားပေးမှု ရရှိနေဆဲဖြစ်ပြီး ထုတ်ပယ်သွားဖို့ အစီအစဉ်မရှိသေးကြောင်း အသင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေးလီးမေးလ်သတင်းမှာ ဖော်ပြပါတယ်။

အနိုင်ရရှိမယ်ဆိုရင် အခြေအနေတွေ ပြောင်းလဲသွားမှာဖြစ်ပြီး ရှုံးနိမ့်သွားတဲ့အတွက် ဝေဖန်မှုတွေနဲ့ ကြုံတွေ့ရတာက သာမန်ကိစ္စသာဖြစ်ပြီး အသင်းအနေနဲ့ အခုထက်ပိုကောင်းအောင် ကစားနိုင်စွမ်းရှိတယ် ဆိုတာ ယုံကြည်ကြောင်း နည်းပြ အာမိုရင်က ပြောပါတယ်။

ပေါင် ၂၃၆ သန်း အသုံးပြုပြီး ကစားသမားသစ်တွေ ခေါ်ယူထားတဲ့အပေါ် အခုထက်အချိန်ရဖို့ ထိုက်တန်တယ်လို့ အသင်းဘုတ်အဖွဲ့က ယူဆတာကြောင့် နည်းပြအာမိုရင်ကို ဆက်လက်ထောက်ခံအားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013