အမျိုးသမီး ၃ ယောက်အား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာကို Live လွှင့်ခဲ့တာနဲ့ပတ်သက်ပြီး အာဂျင်တီးနားနိုင်ငံ ဗြူနိုအေးရိစ်မှာ လူထောင်ပေါင်းများစွာ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
ဒီလို လူသတ်မှု Live လွှင့်ပြတာက အာဂျင်တီးနားပြည်သူတွေကို အံ့ဩတုန်လှုပ်စေခဲ့ပါတယ်။
စက်တင်ဘာ ၁၉ ရက် ည ၉ နာရီခွဲမှာ အသက် ၂၀ အရွယ် ၂ ယောက်နဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက်တို့ဟာ ဗြူနိုအေးရိစ် ဆင်ခြေဖုံးမှာရှိတဲ့ အိမ်တအိမ်ကို နိုင်ငံတကာ မူယစ်ဆေးအဖွဲ့အစည်းတခုက ဖြားယောင်းခေါ်ဆောင်ပြီး ထောင်ချောက်ဆင်ခဲ့တာလို့ ပြည်နယ်လုံ ခြုံရေးဝန်ကြီးက ပြောပါတယ်။
အဲဒီအမျိုးသမီးတွေဟာ အဲဒီညမှာပဲ အသတ်ခံခဲ့ရပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို ဥယျာဉ်ထဲမှာ မြှုပ်ထားတာကို တွေ့တယ်လို့ သတင်းထောက်တွေကို ဝန်ကြီးက ပြောပါတယ်။
အမျိုးသမီးတွေ အသတ်မခံရမီ ညှဉ်းပန်းနှိပ်စက်နေတာတွေကို ဆိုရှယ်မီဒီယာ Close Group မှာ live ထုတ်လွှင့်ခဲ့တာပါ။
အဲဒီရုပ်သံမှတ်တမ်းမှာ “ငါ့ဆီက ဆေးခိုးတဲ့သူတိုင်း အဲ့လိုဖြစ်မယ်” လို့ မူးယစ်ဆေးအဖွဲ့ ခေါင်း ဆောင်က အစောပိုင်းမှာ ပြောထားတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
အသတ်ခံရတဲ့ အမျိုးသမီးတွေဟာ မူးယစ်ဆေးအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ဖော်ပြပါတယ်။
ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး ဘိုလီးဗီးယားမှာ စက်တင်ဘာ ၂၄ ရက်က လူ ၄ ယောက်နဲ့ ၂၆ ရက်ညက တယောက်ကို ဖမ်းထားကြောင်း ကြေညာထားပါတယ်။
Photo : Reuters










